နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှုနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲကျင်းပ

      ရှမ်းပြည်နယ်၊ တာချီလိတ်ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနကကြီးမှူး၍ မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အထူးရန်ပုံငွေ (၂၀၂၁) ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ ညစ်ညမ်းမှုနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲကို ၂၀၂၄ ခုနှစ်၊ဇန်နဝါရီလ ၃၀ ရက်၊ နံနက် ၁၀:၃၀ နာရီအချိန်တွင် တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ နာသာလိကျေးရွာ၌ ကျင်းပခဲ့ပါသည်။

‌     အသိပညာပေးဟောပြောပွဲတွင် တာချီလိတ်ခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်သစ်တော ဦးစီးဌာနမှတာဝန်ရှိသူတစ်ဦး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး၊ ခရိုင်မီးသတ်တပ်ဖွဲ့မှ လက်ထောက်ဦးစီးမှူး တို့မှ  မီးခိုးမြူငွေ့ဖြစ်ပေါ်သည့် အဓိကအကြောင်းရင်းများ၊ မီးခိုးမြူငွေ့များတွင်ပါဝင်သော လေထုညစ် ညမ်းစေသည့်အရာများ၊ မီးခိုးမြူငွေ့များကြောင့် လေထုညစ်ညမ်း၍ ဖြစ်ပွားစေနိုင်သော ဆိုးကျိုးများနှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှုလျော့ချရေး လုပ်ငန်းစဉ်များကိုလည်းကောင်း၊ မီးခိုးမြူငွေ့ကင်းစင်ရေးအတွက် ထုတ်ပြန်ထားသည့် ဒေသန္တရအမိန့်များ၊ ပြစ်မှုပြစ်ဒဏ်များကိုလည်းကောင်း အသိပညာပေးဟောပြောခဲ့ရာ ဒေသခံပြည်သူလူထု (၆၀) ဦး တက်ရောက်ခဲ့​ပါသည်။