မြေတိုင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပြင်ဦးလွင်မြို့ရှိ မြန်မာနိုင်ငံမြေတိုင်းကျောင်း၊ မြေတိုင်း သင်တန်းဆင်းပွဲအခမ်းအနားတက်ရောက်

     ၃၁-၁-၂၀၂၄ ရက်နေ့ နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့ လေ့ကျင့်သင်ကြားရေးနှင့် အမှတ်(၁)မြေတိုင်းဌာနခွဲ၊ မြန်မာနိုင်ငံမြေတိုင်းကျောင်းတွင် ကျင်းပပြုလုပ်သည့် အဆင့်မြင့် မြေတိုင်းသင်တန်း အမှတ်စဉ်(၅၆)နှင့်(၅၇)၊ အလယ်အလတ်အဆင့်မြေတိုင်းသင်တန်းအမှတ်စဉ် (၆၉)နှင့် အခြေခံမြေတိုင်းသင်တန်းအမှတ်စဉ်(၈၀)တို့၏ သင်တန်းဆင်းအောင်လက်မှတ်ချီးမြှင့်ခြင်း အခမ်းအနားသို့ မြေတိုင်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးစိန်မင်း၊ ညွှန်ကြားရေးမှူးများနှင့် အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။

     အခမ်းအနားတွင် ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားပြီး ညွှန်ကြားရေးမှူးချုပ်၊ လေ့ကျင့်သင်ကြားရေးနှင့်အမှတ်(၁)မြေတိုင်းဌာနခွဲမှ ညွှန်ကြားရေးမှူး၊ ဘူမိပမာဏနှင့် အမှတ်(၂)မြေတိုင်းဌာနခွဲမှ ညွှန်ကြားရေးမှူးတို့မှ သင်တန်းအသီးသီးတွင် ထူးချွန်စွာအောင်မြင်ခဲ့ ကြသော သင်တန်းသား/သင်တန်းသူ(၁၂)ဦးတို့အား ဂုဏ်ပြုဆုများချီးမြင့်ခဲ့ကြပါသည်။

     ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြန်မာနိုင်ငံမြေတိုင်းကျောင်းတွင် ဖွင့်လှစ်သင်ကြားခဲ့သည့် အဆင့်မြင့်မြေတိုင်းသင်တန်းအမှတ်စဉ်(၅၆)တွင် ဦးစီးဌာနအသီးသီးမှ သင်တန်းသား(၁၆)ဦးနှင့် အမှတ်စဉ်(၅၇)တွင် သင်တန်းသူ(၁၀)ဦး၊ အလယ်အလတ်အဆင့်မြေတိုင်းသင်တန်း အမှတ်စဉ်(၆၉)တွင် ဦးစီးဌာနအသီးသီးမှ သင်တန်းသား(၆)ဦး၊ အခြေခံမြေတိုင်းသင်တန်း အမှတ်စဉ်(၈၀)တွင် ဦးစီးဌာနအသီးသီးမှ သင်တန်းသား(၅၀)ဦး သင်တန်းသား/သင်တန်းသူ စုစုပေါင်း(၈၂)ဦး တက်ရောက်အောင်မြင်ခဲ့ကြပါသည်။