၂၀၂၄ ခုနှစ် ကမ္ဘာ့ရေဝပ်ဒေသများနေ့ (World Wetlands Day) အထိမ်းအမှတ် အခမ်းအနားကျင်းပ

    ၂၀၂၄ ခုနှစ် ကမ္ဘာ့ရေဝပ်ဒေသများနေ့(World Wetlands Day)အထိမ်းအမှတ်အခမ်းအနား ကို (၂-၂-၂၀၂၄)ရက်နေ့၊ နံနက်ပိုင်းတွင် မိုးယွန်းကြီးအင်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၊ ပျဉ်ပုံကြီးတွင် ကျင်းပပြုလုပ်ရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူ တက်ရောက်အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကမ္ဘာ့ရေဝပ်ဒေသများနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား/ကျောင်းသူများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်သည်။

    ဒုတိယဝန်ကြီးနှင့်တာဝန်ရှိသူများက ကမ္ဘာ့ရေဝပ်ဒေသများနေ့ အထိမ်းအမှတ်ပြသထားသော ပိုစတာများ၊ ဓာတ်ပုံများနှင့် ဆုရရှိသည့် စာစီစာကုံးများ ခင်းကျင်းပြသထားရှိမှုများကို ကြည့်ရှုကာ မိုးယွန်းကြီးအင်းအတွင်း လှည့်လည်ကြည့်ရှုခဲ့ကြသည်။

   အခမ်းအနားသို့ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ပဲခူးတက္ကသိုလ် ပါမောက္ခချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဥပဒေချုပ်၊ သစ်တောဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်(မူဝါဒနှင့်စီမံကိန်း)၊ တိုင်း/ခရိုင်/မြို့နယ်မှ ဌာနဆိုင်ရာအကြီးအကဲများ၊ ဆရာ/ဆရာမများနှင့် ဆုရကျောင်းသား/ ကျောင်းသူများ၊ ကျေးရွာအဆင့် ဒေသခံကိုယ်စားလှယ်များ၊ ကုမ္ပဏီအသင်း အဖွဲ့မှတာဝန်ရှိသူများ တက်ရောက်ကြသည်။