သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာသောင်းနိုင်ဦးမှ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၊ ဗုဒ္ဓဥယျာဉ်တော်အတွင်း၌ စိုက်ပျိုးထားရှိသည့်အပင်များ ကွင်းဆင်းတိုင်းတာစစ်ဆေးမှုအခြေအနေများကြည့်ရှု့စစ်ဆေး

    ၃-၂-၂၀၂၄ ရက်နေ့၊ နံနက်ပိုင်းတွင် သစ်တောဦးစီးဌာနညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာသောင်းနိုင်ဦးသည် ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံခန့်ခွဲရေး)နှင့် သစ်တောဦးစီးရုံးချုပ်မှတာဝန်ရှိသူများ၊ နေပြည်တော်သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်အတွင်း တည်ထားကိုးကွယ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးပရဝဏ်ရှိ၊ ဗုဒ္ဓဥယျာဉ်တော်အတွင်း၌ ၂၀၂၃ ခုနှစ်၊ မိုးရာသီတွင်စိုက်ပျိုးထားသည့်အပင်များ၏ သစ်မျိုးအလိုက် ရှင်သန်မှု၊ အပင်အမြင့် တိုးတက်လာမှုအား သစ်တောဦးစီးဌာနဝန်ထမ်းများမှ အကွက်ငယ် (၆) ကွက် ခွဲခြား၍ သတ်မှတ်အကွက်ငယ်များအလိုက် တိုင်းတာစစ်ဆေးဆောင်ရွက်မှုအခြေအနေများကို ကြည့်ရှု့စစ်ဆေးခဲ့ပြီး ညွှန်ကြားရေးမှူးချုပ်မှ လိုအပ်သည်များ လမ်းညွှန်မှာကြားဆောင်ရွက်ပေးခဲ့ပါသည်။