မြန်မာနိုင်ငံသစ်တောများ ပြန်လည်တည်ထောင်ရေး စီမံကိန်းကာလအလယ် အကဲဖြတ်ခြင်းလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မြန်မာနိုင်ငံသစ်တောများပြန်လည်တည်ထောင်ရေးစီမံကိန်း ကာလအလယ် အကဲ ဖြတ်ခြင်းလုပ်ငန်းအစည်းအဝေးအား ၇-၂-၂၀၂၄ ရက်နေ့ နံနက်ပိုင်းတွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ကျင်းပရာ ဒုတိယညွှန်ကြားရေးမှူးချုပ်(မူဝါဒနှင့်စီမံကိန်း) ဦးဖေချစ် တက်ရောက် အဖွင့်အမှာစကားပြောကြားသည်။ MRRP (၁၀) နှစ် စီမံကိန်းဆောင်ရွက်လျက်ရှိရာ စီမံကိန်းကာလအလယ်ရောက်ရှိပြီဖြစ်၍ စီမံကိန်းကြီးကြပ်စစ်ဆေးခြင်းနှင့် စဉ်ဆက်မပြတ် အကဲဖြတ်ရေးလုပ်ငန်းအဖွဲ့ဝင်များမှ လုပ်ငန်းတစ်ခုချင်းအလိုက် အားသာချက်၊ အားနည်းချက်နှင့် ခွင့်ပြုစံနှုန်းများ စိစစ်သုံးသပ်ခြင်းတို့ကို ရှင်းလင်းတင်ပြရာ တက်ရောက်လာသော စီမံကိန်းတာဝန်ခံများနှင့် သက်ဆိုင်ရာဌာနများမှ ညွှန်ကြားရေးမှူးများက အကြံပြုဆွေးနွေးခြင်း၊ အကဲဖြတ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်မှ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။