(၇၇)နှစ်မြောက်၊ ပြည်ထောင်စုနေ့အခမ်းအနားသို့ တက်ရောက်ရန် ရောက်ရှိလာသည့် ပြည်နယ်/ တိုင်းဒေသကြီးတို့မှ တိုင်းရင်းသားရိုးရာအကအဖွဲ့ဝင်များ နေပြည်တော်ရှိ တိရစ္ဆာန်ဥယျာဉ်နှင့် နက္ခတ်တာရာပြခန်းများသို့ ကြည့်ရှုလေ့လာ

    ၂၀၂၄ ခုနှစ်၊ (၇၇)နှစ်မြောက်၊ ပြည်ထောင်စုနေ့အခမ်းအနားသို့ တက်ရောက်ရန် ရောက်ရှိလာကြသည့် ဧရာဝတီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်တို့မှ တိုင်းရင်းသားရိုးရာအက အဖွဲ့ဝင်( ၂၈၃ )ဦးသည် ပြည်ထောင်စု နယ်မြေ၊ နေပြည်တော် ရှိတိရစ္ဆာန်ဥယျာဉ်နှင့် နက္ခတ်တာရာ ပြခန်းများသို့ (၇.၂.၂၀၂၄) ရက်နေ့၊ နံနက် (၀၇:၀၀)နာရီချိန်နှင့် နေ့လယ်(၁၃:၃၀)နာရီအချိန်တို့တွင်လာရောက် လေ့လာကြည့်ရူ ကြရာ သစ်တောဦးစီးဌာန၊ တိရစ္ဆာန်ဥယျာဉ်(နေပြည်တော်)နှင့် နက္ခတ်တာရာပြခန်းတို့မှ တာဝန်ရှိသူများက လိုက်ပါရှင်းလင်းပြသကြသည်။