မန်းရွှေစက်တော်ဘုရားပွဲတော် ဖွင့်ပွဲအခမ်းအနားတွင် သစ်တောဦးစီးဌာနပြခန်းသို့ ဘုရားဖူးများ စိတ်ဝင်တစားကြည့်ရှု

       မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်အတွင်းရှိ မန်းရွှေစက်တော်ဘုရားပွဲတော် ဖွင့်ပွဲအခမ်းအနားကို (၁၄-၂-၂၀၂၄)ရက်နေ့တွင် ကျင်းပဆောင်ရွက်ခဲ့ရာ အဆိုပါ ဘုရားပွဲတော် ကာလအတွင်း ဘုရားဖူးလာပြည်သူများ သစ်တောနှင့် ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းခြင်းဆိုင်ရာ ဗဟုသုတတိုးပွားစေရန်ရည်ရွယ်၍ သစ်တောဦးစီးဌာန၊ ရွှေစက်တော်တောရိုင်းတိရစ္ဆာန်ဘေးမဲ့ တောမှ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးလူထုပညာပေးပြခန်း ပြသဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါ သစ်တောဦးစီးဌာနပြခန်းသို့ ဘုရားဖူးလာပြည်သူများဝင်ရောက်၍ စိတ်ဝင်တစားကြည့်ရှုကြသည်။