အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန (၁၈)ကြိမ်မြောက် စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီအစည်းအဝေးကျင်းပ

    အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနနှင့် ကိုရီးယားသမ္မတနိုင်ငံ Climate Change Center (CCC)နှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိသော "ကိုရီးယားသမ္မတနိုင်ငံ Climate Change Center (CCC) ၏ အစီအစဉ်ဖြင့် တောင်အာရှနှင့် အရှေ့တောင်အာရှဖွံ့ဖြိုးဆဲနိုင်ငံများ (မြန်မာနိုင်ငံ)တွင် စွမ်းအားမြှင့်မီးဖိုများဖြန့်ဝေရေးစီမံကိန်း" "The Project of CCC Program of Activities for Distribution of Improved Cook Stoves in Developing South and Southeast Asian Countries (Myanmar)"၏ စီမံကိန်းလုပ်ငန်းများအောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် (၁၈)ကြိမ်မြောက် စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ(18th Project Executive Committee-18th PEC Meeting) အစည်းအဝေးကို (၁၈-၂-၂၀၂၄) ရက်နေ့တွင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဦးစီးရုံးချုပ်နှင့် တိုင်းဒေသကြီးများမှ ညွှန်ကြားရေးမှူးများ၊ အရာထမ်းများနှင့် စီမံကိန်းခရိုင်(၆)ခုမှ CPA တာဝန်ခံများတက်ရောက်ခဲ့ကြပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်လျက်ရှိသည့် စီမံကိန်း လုပ်ငန်းဆောင်ရွက်မှုများအကြောင်းနှင့် ရှေ့ဆက်လက်ဆောင်ရွက်ရမည့်   စီမံကိန်းလုပ်ငန်းများအား  ဆွေးနွေးခဲ့ကြသည်။