Arc GIS မြေပုံရေးဆွဲနည်းသင်တန်း အမှတ်စဉ်(၂)သင်တန်းကျင်းပ

    အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန မန္တလေးတိုင်းဒေသကြီး အနေဖြင့် စ၊ ထ၊ ထ၊ ရ လုပ်ငန်းဆိုင်ရာ အစီရင်ခံစာများ၊ မြေပုံများကို ရေးသားပြုစုရာတွင် ခေတ်စနစ်နှင့်အညီ ခေတ်မီနည်းပညာများ အသုံးပြုနိုင်ရန်နှင့် ဌာနတွင်းဝန်ထမ်းများ စွမ်းဆောင်ရည် မြင့်မားစေရန် ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီးအတွင်း တာဝန်ထမ်းဆောင်နေသည့် ကွင်းဆင်းဝန်ထမ်းနှင့် ရုံးဝန်ထမ်းများ စုစုပေါင်း (၂၀)ဦးတို့အား  ၁၉-၂-၂၀၂၄ မှ ၂၃-၂-၂၀၂၄ ထိ မန္တလေးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး သင်တန်းခန်းမတွင် Arc GIS မြေပုံရေးဆွဲနည်းသင်တန်း အမှတ်စဉ်(၂)ကို (၅) ရက်ကြာ ဖွင့်လှစ်ပို့ချလျက်ရှိပါသည်။