ပုပ္ပါးချစ်သူများ၏ ပုပ္ပါးတောင်မကြီး တောင်တက်လမ်းတစ်လျှောက် စုပေါင်း အမှိုက်ကောက်ခြင်းများပြုလုပ်

  ၁၈-၂-၂၀၂၄ ရက်နေ့၊ နံနက်ပိုင်းတွင် ပုပ္ပါးတောင်ဥယျာဉ်အုပ်ချုပ်ရေးမှူးနှင့်အတူ ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ပုပ္ပါးချစ်သူများ စုစုပေါင်းအင်အား (၂၀၀)ခန့်သည် Keep Popa Alive အဖွဲ့၏ ကူညီပံ့ပိုးမှုဖြင့် ပုပ္ပါးတောင်မကြီး တောင်တက်လမ်းတစ်လျှောက် အမှိုက်များ ကောက်ယူခြင်း၊ သန့်ရှင်းရေး ပြုလုပ်ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါအဖွဲ့သည် အမှိုက်ကောက်ခြင်းနှင့် သန့်ရှင်းရေးလုပ်ငန်းမျာအား ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးနှင့် ပုပ္ပါးတောင်သာယာလှပရေးအတွက် နံနက်(၀၇:၀၀)မှ မွန်းလွဲ(၁၅:၀၀) နာရီအထိ ဆောင်ရွက်ခဲ့ကြသည်။