နေပြည်တော်ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီ(ပဉ္စမအကြိမ်) လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် နေပြည်တော်နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ ညစ်ညမ်းမှု လျှော့ချရေးဆိုင်ရာလုပ်ငန်းကော်မတီ(တတိယအကြိမ်)လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

  ၄.၃.၂၀၂၄ ရက်နေ့၊ နံနက်(၀၉:၀၀) နာရီအချိန်တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီ(ပဉ္စမအကြိမ်)လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် နေပြည်တော်နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေးဆိုင်ရာလုပ်ငန်းကော်မတီ(တတိယအကြိမ်) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ ကျင်းပပြုလုပ်ခဲ့ရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အစည်းအဝေးအဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ ကော်မတီနှစ်ရပ်၏ ဥက္ကဋ္ဌ နေပြည်တော်ကောင်စီဝင် ဦးဟန်သူက ကော်မတီလုပ်ငန်းများနှင့် ပတ်သက်သည့်ကိစ္စရပ်များအား ရှင်းလင်းခြင်း၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင်-၂ ဦးဇေယျာလင်းမှ ထပ်ဆင့် မှာကြားဆွေးနွေးခဲ့ပါသည်။

  အစီအစဥ်အရ ကော်မတီနှစ်ရပ်၏ အတွင်းရေးမှူးဖြစ်သူ ဦးစိုးနိုင်(ညွှန်ကြားရေးမှူး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန)က ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီ၏ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေ၊ ရှေ့ဆက်လက်ဆောင်ရွက် ရမည့်လုပ်ငန်းများ ၊ မီးခိုးမြူငွေ့ ညစ်ညမ်းမှု လျှော့ချ ရေးဆိုင်ရာလုပ်ငန်းဆောင်ရွက်ချက်များနှင့် ရှေ့ဆက်လက် ဆောင်ရွက်ရန် ကိစ္စရပ်များအား Powerpointဖြင့်အသေးစိတ် ရှင်းလင်း တင်ပြခဲ့ကာ အစည်းအဝေးတက်ရောက်သူများမှတစ်ဦးချင်းဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် နေပြည်တော်ကောင်စီဥက္ကဌက လိုအပ်သည်များ ဖြည့်စွက်မှာကြား လမ်းညွှန်မှုများပြုခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ ကော်မတီနှစ်ရပ်၏ အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသည့်ဧည့်သည်များ စုစုပေါင်း (၇၅)ဦး တက်ရောက်ခဲ့ကြပြီး အစည်းအဝေးသည် (၁၀:၅၀)နာရီ အချိန်တွင် အောင်မြင်စွာပြီး မြောက်ခဲ့ပါသည်။