မြန်မာနိုင်ငံအမျိုးသားမြေပုံစနစ်(One Map Myanmar)စီမံကိန်း အထောက်အကူပြုနည်းပညာ ဆိုင်ရာသင်တန်း အမှတ်စဉ်(၃)ဖွင့်ပွဲ အခမ်းအနားကျင်းပ

   မြန်မာနိုင်ငံအမျိုးသားမြေပုံစနစ်(One Map Myanmar)စီမံကိန်း အထောက်အကူပြု နည်းပညာဆိုင်ရာသင်တန်း အမှတ်စဉ်(၃) ဖွင့်ပွဲအခမ်းအနားကို ၄-၃-၂၀၂၄ ရက်နေ့ နံနက်ပိုင်းတွင် Information Access Center ရှိ သင်တန်းခန်းမတွင် ကျင်းပပြုလုပ်ရာ မြေတိုင်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇေယျာထွေးတက်ရောက်၍ အဖွင့်အမှာစကားပြောကြားပါသည်။          

  သင်တန်းဖွင့်ပွဲအခမ်းအနားသို့ မြေတိုင်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးများ၊ သင်တန်းဆရာ/ ဆရာမများနှင့် ဦးစီးဌာနအသီးသီးတို့မှ သင်တန်းသား/သင်တန်းသူ(၄၄)ဦး တက်ရောက်ခဲ့ကြပါသည်။