တိရစ္ဆာန်ဥယျာဉ်များ၊ ဆာဖာရီဥယျာဉ်နှင့် နက္ခတ်တာရာပြခန်းတို့အား အတွဲလိုက်တင်ဒါ စနစ်ဖြင့် တင်ဒါလုပ်ငန်းဆောင်ရွက်ရန်အတွက် တင်ဒါဖွင့်ဖောက်စစ်ဆေးအတည်ပြုခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

   (၅-၃-၂၀၂၄)ရက်နေ့ နံနက်ပိုင်းတွင် တိရစ္ဆာန်ဥယျာဉ်များ၊ ဆာဖာရီဥယျာဉ်နှင့် နက္ခတ်တာရာပြခန်းတို့အား အတွဲလိုက်တင်ဒါစနစ်ဖြင့် တင်ဒါလုပ်ငန်းဆောင်ရွက်ရန်အတွက် တင်ဒါဖွင့်ဖောက်စစ်ဆေးအတည်ပြုခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမတွင် ကျင်းပပြုလုပ်ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှ သယံဇာတရေးရာဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့် HTOO Trading Co.Ltd မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ဒုတိယဝန်ကြီး ဦးမင်းသူမှ တိရစ္ဆာန်ဥယျာဉ်များနှင့် ပတ်သက်၍ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီရုံး၏ ခွင့်ပြုချက်နှင့်အညီ အတွဲလိုက်တင်ဒါစနစ်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ယနေ့တင်ဒါလုပ်ငန်းဆောင်ရွက်ရာတွင် သက်ဆိုင်ရာကော်မတီများအနေဖြင့် နိုင်ငံတော် မှ ရသင့်ရထိုက်သည့် အခွန်အခများ ပြည့်မီစွာရရှိရေးနှင့် လိုအပ်သလို အများပြည်သူအပန်းဖြေအနားယူနိုင်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းဖြစ်သောကြောင့် တင်ဒါလုပ်ထုံး လုပ်နည်းနှင့် အညီ စနစ်တကျ စိစစ်ဆောင်ရွက်သွားကြရန်နှင့် အဆိုပြုတင်ပြလာသည့် ကုမ္ပဏီများမှ ပွင့်လင်းမြင်သာစွာ သိရှိနိုင်ရေး ဆောင်ရွက်သွားကြရန် မှာကြားခဲ့ပါသည်။