မြန်မာနိုင်ငံသစ်တောကျောင်း ကျောင်းအုပ်ချုပ်ရေးအဖွဲ့အစည်းအဝေး ကျင်းပ

 (၅-၃-၂၀၂၄)ရက်နေ့၊ မွန်းလွဲ(၁၃:၃၀)နာရီအချိန်တွင် မြန်မာနိုင်ငံသစ်တောကျောင်း ကျောင်းအုပ်ချုပ်ရေးအဖွဲ့အစည်းအဝေးကို သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ကျင်းပပြုလုပ်ရာ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦး၊ ဆက်စပ်ဦးစီးဌာန/ လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အထွေထွေမန်နေဂျာများ၊ ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံသစ်တောကျောင်းမှ ကျောင်းအုပ်ကြီးနှင့် ဆရာများ၊ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦးမှ ယခုအစည်းအဝေးသည် အမှတ်စဉ်(၁၁၈)သင်တန်းတွင် သင်ကြားမည့် ဘာသာရပ်၊ သင်တန်းအချိန်ဇယား ပြန်လည်သုံးသပ်ခြင်း၊ ဆရာများ၏ ဘာသာရပ်အလိုက်ခွဲဝေသင်ကြားနေမှုအခြေအနေ၊ သင်တန်းသားများ အမြဲလိုက်နာရမည့် စည်းကမ်းချက်နှင့် ညွှန်ကြားချက်များကို ခေတ်နှင့်လျော်ညီအောင် ပြင်ဆင်နိုင်ရန်၊ ခေါ်ယူမည့်သင်တန်းသားအချိုးအစား၊ သင်တန်းဖွင့်လှစ်မည့် နေ့ရက်၊ အချိန်ကာလ၊ အကျွေးမွေးလိုအပ်ချက်များ ဆွေးနွေးတင်ပြနိုင်ရန်အတွက် မြန်မာနိုင်ငံသစ်တောကျောင်း၊ ကျောင်းအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ Virtual စနစ်ဖြင့် တက်ရောက်လာသူများနှင့် သီးခြားအကြံပြုချက်များရှိပါက ဆွေးနွေးအကြံပြုပေးကြရန် ပြောကြားခဲ့ပါသည်။