မိကျောင်းလှောင်းစခန်းခွဲ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးပြခန်း၌ “ဝဥစိုက်ပျိုး ထုတ်လုပ်ခြင်းသင်တန်း” ဖွင့်လှစ်ခြင်း

   ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် “ဝဥစိုက်ပျိုး ထုတ်လုပ်ခြင်းသင်တန်း” ကို သစ်တောဦးစီးဌာန၊ တနင်္သာရီ သဘာဝကြိုးဝိုင်းစီမံကိန်း၊ ပဉ္စမ (၄) နှစ် စီမံကိန်းကာလ၊ အုပ်ချုပ်လုပ်ကိုင်မှု စီမံချက်နှင့်အညီ ၂၀၂၄ ခုနှစ်၊ မတ်လ (၄) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီတွင် မိကျောင်းလှောင်းစခန်းခွဲ၊ ပတ်ဝန်းကျင်ထိန်းသိမ်း ရေးအသိပညာပေးပြခန်း၌ ဖွင့်လှစ်ခဲ့ပြီး သင်တန်းဖွင့်ပွဲအခမ်းအနားသို့  တနင်္သာရီ သဘာဝ ကြိုးဝိုင်းစီမံကိန်း၊ စီမံကိန်းဒါရိုက်တာ၊ ဥယျာဉ်အုပ်ချုပ်ရေးမှူး၊ ကလိန်အောင်မြို့ အုပ်ချုပ်ရေးမှူးနှင့် ဆက်စပ်ဌာနဆိုင်ရာများ၊ စီမံကိန်းဝန်ထမ်းများ၊ သင်တန်း ဆရာနှင့် သင်တန်းသား/ သူ စုစုပေါင်း (၃၅)ဦး တက်ရောက်ခဲ့ကြပါသည်။ အဆိုပါသင်တန်းသို့ တနင်္သာရီသဘာဝကြိုးဝိုင်းစီမံကိန်း၊ စီမံကိန်းဧရိယာရှိ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောအသုံးပြုသူများအဖွဲ့မှ ဒေသခံ သင်တန်းသား/သူ စုစုပေါင်း (၂၅)ဦး တက် ရောက်လျက်ရှိပြီး ပဲခူးတိုင်းဒေသကြီး၊ ဝဥလုပ်ငန်းရှင်များအသင်းမှ ကျွမ်းကျင်ပညာရှင် (၂) ဦး က (၄-၃-၂၀၂၄) ရက်နေ့မှ (၆-၃-၂၀၂၄) ရက်နေ့ထိ (၃)ရက်တာကာလအတွင်း ဝဥ စိုက်ပျိုးခြင်း၊ ဝဥခေါက်ဆွဲ၊ ဝဥတုံစသည့် ကုန်ချောပစ္စည်းများပြုလုပ်ခြင်းကို စာတွေ့လက်တွေ့ သင်ကြားပို့ချလျက်ရှိပါသည်။