မကွေးတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သောကျေးရွာဆု စိစစ်ရွေးချယ်ရေးလုပ်ငန်း ကော်မတီညှိနှိုင်းအစည်းအဝေးကျင်းပ

   ၇-၃-၂၀၂၄ ရက်နေ့၊ မွန်းလွဲ(၁၅:၀၀) နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံး၊ အစည်းအဝေးခန်းမ၌ မကွေးတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သောကျေးရွာဆု စိစစ်ရွေးချယ်ရေးလုပ်ငန်းကော်မတီညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ရာ ကျေးရွာဆုစိစစ်ရွေးချယ်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ သယံဇာတရေးရာဝန်ကြီး၊ ဦးစိုင်းမြင့်အေးက အစည်းအဝေးအဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ ကော်မတီ၏အတွင်းရေးမှုး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး၊ ဦးဇော်မိုးက ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော ကျေးရွာဆုစိစစ်ရွေးချယ်ရေးလုပ်ငန်းကော်မတီ၏ လုပ်ငန်း တာဝန်များ၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်ကြောင်း ဂုဏ်ပြုဆုချီးမြှင့်ခြင်းအစီအစဉ် ဖြစ်ပေါ် လာပုံ၊ ကျေးရွာဆုစိစစ်ရွေးချယ်ရန် သတ်မှတ်ထားသော အချက်အလက်များ၊ ကော်မတီမှ ဆုံးဖြတ်ပေးရန်အချက်များအား Power Point ဖြင့် အသေးစိတ်ရှင်းလင်းတင်ပြခဲ့ကာ တက်ရောက် လာသည့်အဖွဲ့ဝင်များမှ တစ်ဦးချင်းဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် ကော်မတီဥက္ကဋ္ဌက အစည်း အဝေးဆုံးဖြတ်ချက် (၅)ချက် အတည်ပြုချမှတ်ခဲ့ပြီး အစည်းအဝေးအား ညနေ (၁၆:၀၀)နာရီ အချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။