ဒုတိယဦးစီးမှူးအဆင့် အမှုထမ်းများ ဌာနတွင်းလုပ်ငန်းခွင်မွမ်းမံသင်တန်းအမှတ်စဉ်(၁၇) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

         ဒုတိယဦးစီးမှူးအဆင့် အမှုထမ်းများ ဌာနတွင်းလုပ်ငန်းခွင်မွမ်းမံသင်တန်း အမှတ်စဉ်(၁၇) သင်တန်းဖွင့်ပွဲအခမ်းအနားကို ၁၁-၃-၂၀၂၄ ရက်နေ့၊ နံနက် ၀၉:၃၀ အချိန်တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ရုံးအမှတ်(၅၃)၌ ကျင်းပပြုလုပ်ခဲ့ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက် ကြပါသည်။

            ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနအနေဖြင့် ဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများကို လုပ်ငန်းစွမ်းဆောင်ရည် ပိုမိုတိုးတက်လာစေရန်နှင့် ကိုယ်ကျင့်တရားကောင်းမွန်ပြီး အဂတိတရားကင်းရှင်းသည့် ပြည်သူ့ဝန်ထမ်းများဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ဒုတိယဦးစီးမှူး အဆင့်အမှုထမ်းများ ဌာနတွင်းလုပ်ငန်းခွင်မွမ်းမံသင်တန်းအမှတ်စဉ်(၁၇)ကို ဦးစီးရုံးချုပ်မှ သင်တန်းသား (၂၅)ဦးတို့အား လူကိုယ်တိုင် (In person) ဖြင့်လည်းကောင်း၊ တိုင်းဒေသကြီး/ ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ သင်တန်းသား (၆၅)ဦးတို့အား Online ဖြင့် လည်းကောင်း၊ စုစုပေါင်းသင်တန်းသား (၉၀)ဦးတို့အား ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ရုံးအမှတ်(၅၈)၊ သင်တန်းခန်းမတွင် ၁၁-၃-၂၀၂၄ ရက်နေ့မှ ၅-၄-၂၀၂၄ ရက်နေ့အထိ ရက်သတ္တပတ် (၄)ပတ်ကြာ Hybrid ပုံစံဖြင့် ကိုဗစ်-၁၉ လမ်းညွှန်ချက်နှင့်အညီ ဖွင့်လှစ်ပို့ချသွားမည် ဖြစ်ပါသည်။

            ဖွင့်ပွဲအခမ်းအနားတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်မိုးက သင်တန်းဖွင့်အမှာစကားပြောကြားခြင်း၊ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခြင်း ဆောင်ရွက်ခဲ့ပြီး အခမ်းအနားကို နံနက် ၁၀:၀၀ အချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။