
၁။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး (ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာ)တွင် လစ်လပ်လျက်ရှိသည့် အငယ်တန်းစာရေး (လစာနှုန်းကျပ် ၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀) ရာထူး (၆) နေရာအတွက် အောက်ဖော်ပြပါ သတ်မှတ် အရည်အချင်းပြည့်မီသူများ လျှောက်ထားနိုင်ပါသည်။ ဦးစွာပေးပို့လာသည့် လျှောက်လွှာ(၃၀)ကိုသာ လက်ခံမည်ဖြစ်ပါသည်။
၂။ လျှောက်ထားသူသည်-
|
(က) |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။ |
|
(ခ) |
(၁-၁၂-၂၀၂၅) ရက်တွင် အသက်(၁၈)နှစ်ပြည့်ပြီး အသက်(၃၅)နှစ်ထက် မကျော်လွန်သူဖြစ်ရမည်။ နိုင်ငံ့ဝန်ထမ်းဖြစ်ပါက အသက်(၄၀)နှစ်ထက် မကျော်လွန်သူ ဖြစ်ရမည်။ |
|
(ဂ) |
တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီး ကွန်ပျူတာကျွမ်းကျင်စွာအသုံးပြုနိုင်သူဖြစ်ရမည်။ |
|
(ဃ) |
အစိုးရဌာနတစ်ခုခု၏ ဝန်ထမ်းအဖြစ်မှ ထုတ်ပစ်ခြင်း (Dismissal)၊ ရာထူးမှ ထုတ်ပယ်ခြင်း (Removal)၊ အမည်မည်းစာရင်း (Black List) ရေးသွင်းခံရသူများ လျှောက်ထားခွင့်မရှိပါ။ |
|
(င) |
လျှောက်လွှာနှင့်အတူအောက်ပါအချက်များကို ပူးတွဲတင်ပြရမည်။ (၁) ကိုယ်ရေးမှတ်တမ်း (၂) လွန်ခဲ့သော(၂)လအတွင်းရိုက်ကူးထားသောပတ်စ်ပို့ဓါတ်ပုံ(၃)ပုံ (၃) နိုင်ငံသားစိစစ်ရေးကတ်(မိတ္တူ) (၄) ကျန်းမာရေးကောင်းမွန်ကြောင်း ဆေးလက်မှတ်အထောက်အထား (၅) ပညာအရည်အချင်းအတွက်ဘွဲ့လက်မှတ်(မိတ္တူ) (၆) အခြားတတ်ကျွမ်းသည့် ဘာသာရပ်များအတွက် အောင်လက်မှတ် (မိတ္တူများ) (၇) အသက်အထောက်အထားအတွက် တက္ကသိုလ်ဝင်တန်းအောင်လက်မှတ် (မိတ္တူ) (၈) လွန်ခဲ့သောတစ်လအတွင်း ပြုလုပ်ထားသည့် အကျင့်စာရိတ္တကောင်းမွန်ကြောင်း ရပ်ကွက်/ကျေးရွာထောက်ခံစာ၊ ပြစ်မှုကင်းရှင်းကြောင်းသက်ဆိုင်ရာ ရဲစခန်းထောက်ခံစာ (မူရင်းများ) (၉) သက်တမ်းရှိ အလုပ်သမားမှတ်ပုံတင်(မိတ္တူ) (၁၀) နိုင်ငံ့ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာဝန်ကြီးဌာန၏ခွင့်ပြုကြောင်းနှင့် ပြစ်မှုကင်းရှင်းကြောင်းထောက်ခံစာ(မူရင်း) |
၃။ လျှောက်လွှာပုံစံများကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ Website ဖြစ်သော www.monrec.gov.mm ၌ download ရယူနိုင်ပြီး ပြည်ထောင်စုဝန်ကြီးရုံး၊ ရုံးအမှတ်(၂၈)၊ နေပြည်တော်သို့ ၂၄-၁၂-၂၀၂၅ ရက် (ဗုဒ္ဓဟူးနေ့) နောက်ဆုံးထား၍ လူကိုယ်တိုင် ဖြစ်စေ ၊ ကိုယ်စားဖြင့်ဖြစ်စေ ၊ စာတိုက်မှတစ်ဆင့်ဖြစ်စေ လျှောက်ထားနိုင်သည်။
၄။ စာမေးပွဲဖြေဆိုခွင့် ခုံအမှတ်များကို ၂၉-၁၂-၂၀၂၅ ရက် (တနင်္လာနေ့)တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီးရုံး ၊ ရုံးအမှတ်(၂၈)၌ ရုံးချိန်အတွင်း ထုတ်ပေးသွားမည်။
၅။ လျှောက်လွှာနှင့်စပ်လျဉ်း၍ သတ်မှတ်ထားသော စာရွက်စာတမ်း မပြည့်စုံလျှင်သော်လည်းကောင်း၊ လျှောက်လွှာလက်ခံရန် သတ်မှတ်ထားသောရက်ထက် နောက်ကျရောက်ရှိလျှင်သော်လည်းကောင်း၊ လျှောက်လွှာအရေအတွက်(၃၀)ထက် ကျော်လွန်လျှင်သော်လည်းကောင်း လျှောက်လွှာများကို လက်ခံစဉ်းစားမည်မဟုတ်ပါ။
၆။ အရည်အချင်းစစ်ရေးဖြေစာမေးပွဲတွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ အထွေထွေဗဟုသုတဘာသာရပ် များကို စစ်ဆေးမည်ဖြစ်ပြီး ၃၀-၁၂-၂၀၂၅ ရက် (အင်္ဂါနေ့)တွင် နံနက် ၀၉း၃၀ နာရီမှ ၁၂း၃၀ နာရီ အထိ ရုံးအမှတ်(၂၈)၊ နေပြည်တော်တွင် ဖြေဆိုရမည်ဖြစ်ပါကြောင်းနှင့် အရည်အချင်းစစ်ရေးဖြေ စာမေးပွဲအောင်မြင်သူများကိုသာ လူတွေ့စစ်ဆေးခြင်းပြုလုပ်မည်ဖြစ်ပါသည်။
၇။ လူတွေ့ဖြေဆိုခွင့် ရရှိသူများစာရင်းကို ဆက်သွယ်အကြောင်းကြားပေးမည်ဖြစ်ပြီး လူတွေ့ စစ်ဆေးချိန်အတွင်း ဘွဲ့လက်မှတ် ၊ နိုင်ငံသားစိစစ်ရေးကတ် ၊ တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်၊ အခြားအောင်လက်မှတ်များ၊ အလုပ်သမားမှတ်ပုံတင်မူရင်း စသည်တို့ကိုတင်ပြရမည်။
၈။ လူတွေ့ဖြေဆိုခွင့် ရရှိသူများအား လူတွေ့စစ်ဆေးခြင်း၊ ကွန်ပျူတာလက်တွေ့စစ်ဆေးခြင်း တို့ကို ၇-၁-၂၀၂၆ (ဗုဒ္ဓဟူးနေ့) နံနက် ၀၉:၃၀ နာရီ ဆောင်ရွက်ပါမည်။
၉။ ရွေးချယ်ခြင်းခံရသူများသည် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး(ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာ)တွင် အနည်းဆုံး(၃)နှစ် တာဝန်ထမ်းဆောင်ရမည်။
၁၀။ အသေးစိတ်သိရှိလိုပါက သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ရုံးအမှတ်(၂၈) ၊ နေပြည်တော် တယ်လီဖုန်းအမှတ် ၀၆၇-၄၀၅၀၇၂ / ၀၆၇-၄၀၅၃၈၃ သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါသည်။
လျှောက်လွှာပုံစံရယူရန် Download