သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် NDCs အစီရင်ခံစာပါ ကဏ္ဍအလိုက် ရည်မှန်းချက်များနှင့် ကတိကဝတ်များအား ပြည့်မီအောင် အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေး ဆဌမအကြိမ် အဆင့်မြင့်အရာရှိကြီးများ ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

မြန်မာနိုင်ငံအမျိုးသားအဆင့် ရာသီဥတုပြောင်းလဲမှုလျှော့ချရေးနှင့် လိုက်လျောညီထွေရှိစေရေးဆိုင်ရာ အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ် (Nationally Determined Contributions- NDCs) ဆဋ္ဌမအကြိမ် အဆင့်မြင့်အရာရှိကြီးများ ညှိနှိုင်းအစည်းအဝေးနှင့် Myanmar NDCs 3.0 အစီရင်ခံစာရေးဆွဲပြုစုရေးဆိုင်ရာ ကြီးကြပ်မှုကော်မတီနှင့် လုပ်ငန်းအဖွဲ့များ ကနဦးညှိနှိုင်းအစည်းအဝေးကို ၁၄-၁-၂၀၂၆ ရက်နေ့တွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ရုံးအမှတ်(၅၈)၊ အစည်းအဝေးခန်းမ၌ Hybrid ပုံစံဖြင့် ကျင်းပပြုလုပ်ခဲ့ရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် သက်ဆိုင်ရာ ဆက်စပ်ဌာနများမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်းကိုယ်စားလှယ်များ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ တာဝန်ရှိသူများ စုစုပေါင်း (၇၀) ဦးခန့် တက်ရောက်ခဲ့၍ NDC (2021) ရည်မှန်းချက်များ အကောင်အထည်ဖော်မူ တိုးတက်ရေး၊ NDC 3.0 အား ၂၀၂၆ ခုနှစ်တွင် UNFCCC သို့ တင်သွင်းနိုင်ရေးအတွက် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်ရေးအား ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။