ကုလသမဂ္ဂစားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့ (FAO) ၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် Ms. Xiaojie Fan ခေါင်းဆောင်သောအဖွဲ့ သည် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းအား လာရောက်တွေ့ဆုံဆွေးနွေးသည့်သတင်း

နေပြည်တော်၊ ၂၀-၉-၂၀၁၇

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ကုလသမဂ္ဂစားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့ (Food and Agriculture Organization of the United Nations - FAO) ၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် Ms. Xiaojie Fan ခေါင်းဆောင်သောအဖွဲ့အား သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး ဧည့်ခန်းမ၌ ၂၀-၉-၂၀၁၇ ရက် (ဗုဒ္ဓဟူးနေ့)၊ (၁၆:၃၀) နာရီ တွင် လက်ခံ တွေ့ဆုံဆွေးနွေးသည်။

ဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ သစ်တောဦးစီးဌာန မှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်တို့ တက်ရောက်ကြသည်။

FAO ၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် Ms. Xiaojie Fan နှင့်အတူ FAO မှ Regional Programme Officer ဖြစ်သူ Mr. Ben Vickers ၊ Chief Technical Advisor ဖြစ်သူ Mr. Franz Arnold ၊ Counselor of the Finnish Embassy၊ Myanmar မှ Ms. Katja Hirvonen ၊ Programme Officer, Finnish Embassy, Myanmar မှ Mr. Yaw Maung Shang ၊ Senior Programme Manager မှ ဦးတင့်ခိုင် ၊ Programme Officer မှ ဦးရဲခေါင် တို့တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ဖင်လန်နိုင်ငံ၏ အထောက်အပံ့ဖြင့် သစ်တောဦးစီးဌာနနှင့် FAO တို့အကြား ၂၀၁၇ ခုနှစ် မှ ၂၀၂၂ ခုနှစ်အထိ (၅) နှစ်ကြာ ဆောင်ရွက်မည့် မြန်မာနိုင်ငံအမျိုးသားအဆင့် သစ်တောသယံဇာတစာရင်း ကောက်ယူခြင်း (National Forest Inventory - NFI) ၊ နိုင်ငံအဆင့်သစ်တောစောင့်ကြည့်လေ့လာခြင်းနှင့် သတင်းအချက် အလက် စနစ် ( National Forest Monitoring and Information System - NFMIS) အကောင်အထည်ဖော်ဆောင်ရွက်ရေး လုပ်ငန်းစဉ်တို့နှင့်ပတ်သက်၍ ဆွေးနွေးကြကြောင်း သတင်းရရှိသည်။