စင်ကာပူနိုင်ငံ၊ NEWRI မှ Executive Director နှင့် အဖွဲ့ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းအား လာရောက်တွေ့ဆုံ

နေပြည်တော်၊ ၇-၈-၂၀၁၈

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် စင်ကာပူနိုင်ငံ၊ Nanyang  Technological  University, Nanyang Environment & Water Research Institute (NEWRI) မှ Executive  Director ဖြစ်သူ Prof. Shane Allen Snyder နှင့် အဖွဲ့အား ယနေ့ ၇-၈-၂၀၁၈ ရက်နေ့၊ (၁၀:၀၀)နာရီတွင် ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံဆွေးနွေးသည်။

ဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးလှ မောင်သိန်း တို့တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် NEWRI ၏ သုတေသနနှင့် ဖွံ့ဖြိုးရေး၊ ပညာရေး နှင့် လေ့ကျင့်သင်ကြားရေးအပါအဝင် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများ၊ ရေနှင့် ပတ်သက်၍ နိုင်ငံတကာ၌ ဆောင်ရွက်လျက်ရှိသည့် သောက်သုံးရေ ပြုပြင်သန့်စင်သည့် လုပ်ငန်း၊ စွန့်ပစ်ရေ သန့်စင်သည့်လုပ်ငန်းများ၊ NEWRI မှ မြန်မာနိုင်ငံ၌ ဆောင်ရွက်ပြီး ဆောင်ရွက်ဆဲလုပ်ငန်းများ နှင့် ဆက်လက်ဆောင်ရွက်ရန် အလားအလာရှိသော လုပ်ငန်းများနှင့်ပတ်သက်၍ အပြန်အလှန် အမြင်ချင်းဖလှယ် ဆွေးနွေးကြပါသည်။ သတင်းစဉ်