တည်နေရာ
- မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံ မြို့နယ် ၊ (၁၂) လမ်း မြောက်ဘက်ကပ်လျက် တည်ရှိ။
အကျယ်အဝန်း
- ၅၃.၂၁ ဧက
ဖွင့်လှစ်သည့်ရက်
- ၁၉၈၉ ခုနှစ်၊ ဧပြီလ ၈ ရက်။
အမျိုးအစားအလိုက် ပြသထားရှိသည့် တိရစ္ဆာန်များ
- နို့တိုက်သတ္တဝါ (၃၄မျိုး) ၂၁၂ ကောင်၊ ကျေးငှက်သတ္တဝါ (၄၃မျိုး) ၁၈၀ ကောင်၊ တွားသွားသတ္တဝါ (၁၄မျိုး) ၅၄၃ ကောင်၊ စုစုပေါင်း (၉၁မျိုး) ၉၃၅ ကောင်။
ဥယျာဉ်ဝင်ကြေးသတ်မှတ်ချက်
- လူကြီး ၁၀၀၀ ကျပ်
- ကလေး ၅၀၀ ကျပ်
- နိုင်ငံခြားသား 10 US$
ဥယျာဉ်အတွင်း ဝန်ဆောင်မှုများ
- လာရောက်လည်ပတ်သူများအား နားနေဆောင်များစီစဉ်ထားခြင်း
- ဥယျာဉ်ကားများစီစဉ်ထားခြင်း
- ကလေးများဆော့ကစားရန် ကလေးကစားကွင်းများထားရှိခြင်း
- ရုံးပိတ်ရက်နှင့် အခါကြီးရက်များအတွင်း တိရစ္ဆာန်လိမ္မာများ ပြသဖျော်ဖြေပေးခြင်း
- နေရာရှုခင်းများပြင်ဆင် ဆင်ယင်ထားရှိခြင်း
- ရေပန်းအလှများဆောင်ရွက်ထားခြင်း
- အပျော်စီးရေယာဉ်များ စီစဉ်ထားခြင်း
- ဆင်ပုခက်တင်စီးခြင်း၊ မြင်းပုစီးခြင်း
- အခမဲ့သန့်စင်ခန်းများထားရှိပေးခြင်း