၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်သော (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် မြန်မာ့သစ်လုပ်ငန်း ဝန်ထမ်းမိသားစုများ၏ ပျော်ပွဲရွှင်ပွဲနှင့် အားကစားပြိုင်ပွဲကျင်းပ

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်သော (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် မြန်မာ့သစ်လုပ်ငန်း ဝန်ထမ်းမိသားစုများ၏ ပျော်ပွဲရွှင်ပွဲနှင့် အားကစားပြိုင်ပွဲကို ၃၁-၁၂-၂၀၂၅ ရက်နေ့၊ ဗုဒ္ဓဟူးနေ့ နံနက် (၀၆း၃၀) နာရီ တွင် မြန်မာ့သစ်လုပ်ငန်း(ရုံးချုပ်) ကြို့ကုန်းဝန်းအတွင်းရှိ လေ့ကျင့်ရေးဘောလုံးကွင်း၌ အမျိုးသား၊ အမျိုးသမီး အားကစားသမား (၃၈၄) ဦးသည် မီတာ(၅၀) အပြေးပြိုင်ပွဲ၊ မီတာ(၅၀) ဂုန်နီအိတ်စွပ် အပြေးပြိုင်ပွဲ၊ မီတာ(၅၀) စကောရွက်အပြေးပြိုင်ပွဲ၊ မီတာ(၅၀) အာလူးကောက်အပြေးပြိုင်ပွဲ၊ မီတာ(၅၀) အပ်ချည်ထိုးအပြေးပြိုင်ပွဲ၊ မီတာ(၅၀) သုံးချောင်းထောက်အပြေးပြိုင်ပွဲ၊ ခေါင်းအုံးရိုက်ပြိုင်ပွဲ၊ သံပုံးရိုက်ပြိုင်ပွဲ၊ လွန်ဆွဲပြိုင်ပွဲ စသည့်အားကစားနည်း (၉)မျိုး တို့ကို ပျော်ရွှင်ချစ်ကြည်ရင်းနှီးစွာ ဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပ ဆောင်ရွက်ခဲ့ပါသည်။