မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော

တည်နေရာ

  • ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့။

အကျယ်အဝန်း

  • ၅၂.၇၈ စတုရန်းမိုင်

လမ်းပန်းဆက်သွယ်ရေး

  •  ရန်ကုန် - ဘိုကလေး - မိန်းမလှကျွန်း (ရေလမ်း ၈၇ မိုင်)
  • ရန်ကုန်-ဘိုကလေး (ကားဖြင့် ၈၄ မိုင်)၊ ဘိုကလေး-မိန်းမလှကျွန်း (ရေလမ်း ၁၂ မိုင်)

ကြည့်ရှုလေ့လာနိုင်မည့် အခွင့်အလမ်းများ

  • ဒီရေတောများ၏ ဂေဟစနစ်ကို လေ့လာနိုင်ခြင်း၊
  • ဓမ္မတာမျိုးဆက်ခြင်းနည်းဖြင့် ဒီရေတော ပြုစုထိန်းသိမ်းခြင်းလုပ်ငန်း ဆောင်ရွက်မှုအခြေအနေများ လေ့လာနိုင်ခြင်း၊
  • ရေပျော်ငှက်များ၊ ကုန်းတွင်းပိုင်းဌာနေငှက်များနှင့် ရာသီအလိုက် ရွှေ့ပြောင်းကျက်စားသော ဆောင်းခိုငှက်များအား လေ့လာ ကြည့်ရှုနိုင်ခြင်း
  • မိကျောင်းအပါအဝင် တွားသွားသတ္တဝါများ၊ နို့တိုက်သတ္တဝါများနှင့် ရေနေသတ္တဝါများ၏ သဘာဝအလျောက် နေထိုင်ကျက်စားမှု အခြေအနေများကို လေ့လာနိုင်ခြင်း၊
  • နိုဝင်ဘာလ၊ ဒီဇင်ဘာလ နှင့် ဇန်နဝါရီလများအတွင်း ဘေးမဲ့တောမှ ၁၀ မိုင် ခန့်ဝေးသော ကဒုံလေး လိပ်သောင် သို့ သွားရောက်၍ ပင်လယ်လိပ်ကြီးများ ဥ ဥခြင်းကို လေ့လာနိုင်ခြင်း။