ဖုန်ကန်ရာဇီ တောရိုင်း တိရစ္ဆာန် ဘေးမဲ့တော

 

တည်နေရာ

  • ကချင်ပြည်နယ်၊ပူတာအိုမြို့နယ်

အကျယ်အဝန်း

လမ်းပန်းဆက်သွယ်ရေး

  • ရန်ကုန် - မြစ်ကြီးနား (လေယဉ်ဖြင့် ၁ နာရီ)၊  မြစ်ကြီးနား - ပူတာအို (လေယဉ်ဖြင့် ၂၅ မိနစ်)၊ ပူတာအို - ရှန်ဂေါင်းရွာ (ကားဖြင့် ၂၀ မိုင်)၊ ရှန်ဂေါင်းရွာ - ဖုန်ကန်ရာဇီတောင် (ခြေလျင် ၃ ညအိပ်ခရီး)

ကြည့်ရှုလေ့လာနိုင်မည့် အခွင့်အလမ်းများ

  • ငှက်မျိုးစိတ် ၃၇၀ မျိုး၊ လိပ်ပြာမျိုးစိတ် ၃၆၀ မျိုး၊ ကုန်းနေ ရေနေနှင့် တွားသွားသတ္တဝါ ၈၂ မျိုးတို့အား လေ့လာနိုင်ခြင်း၊
  • ဆောင်း ကာလတွင် ဆီးနှင်းဖုံးတောင်ပေါ်သဘာဝရှုခင်း၊ သဘာဝတောင်ပေါ်ထင်းရှူး တော၊ တောင်ဇလပ်တော များတွင် လေ့လာ ခံစားနိုင်ခြင်း၊
  • ဆီးနှင်းဖုံးတောင်ထိပ်သို့ ခြေလျင်တောင်တက် ခရီးရှည် သွားလာခံစားနိုင်ခြင်း၊
  • တောတွင်းဖောင်စီးခရီးကြမ်း သွားလာခံစားနိုင်ခြင်း၊
  • ဖုန်ကန်ရာဇီဒေသ ဇီဝမျိုးစုံမျိုးကွဲလေ့လာနိုင်ခြင်း နှင့် သုတေသနပြုနိုင်ခြင်း။