တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်)

တည်နေရာ

  • နေပြည်တော် ပျဉ်းမနားမြို့နယ် (ရေဆင်း) အနီး၊ ရန်ကုန်- မန္တလေး ကားလမ်း အရှေ့ဘက် မိုင်တိုင်အမှတ် (၂၅၆/၁) နှင့် (၂၅၃/၀) အကြား။

အကျယ်အဝန်း

  • ၂၄၇.၇၉ ဧက 

ဖွင့်လှစ်သည့်ရက်

  • ၂၀၀၈ ခုနှစ်၊ မတ်လ၊ ၂၆ ရက်။

အမျိုးအစားအလိုက် ပြသထားရှိသည့် တိရစ္ဆာန်များ

  • နို့တိုက်သတ္တဝါ (၃၉မျိုး) ၂၃၃ ကောင်  ကျေးငှက်သတ္တဝါ (၄၂မျိုး) ၂၈၅ ကောင်  တွားသွားသတ္တဝါ(၁၂မျိုး) ၇၀ ကောင်  စုစုပေါင်း (၉၃မျိုး) ၅၈၈ ကောင်  

ဥယျာဉ်ဝင်ကြေး သတ်မှတ်ချက်

  • လူကြီး ၁၀၀၀ ကျပ်
  • ကလေး ၅၀၀ ကျပ်
  • နိုင်ငံခြားသား 10 US$

ဥယျာဉ်အတွင်း ဝန်ဆောင်မှုများ

  • လာရောက်လည်ပတ်သူများအား နားနေဆောင်များစီစဉ်ထားခြင်း
  • ဥယျာဉ် ကားများစီစဉ်ထားခြင်း
  • ကလေးများဆော့ကစားရန် ကလေးကစားကွင်းများထားရှိခြင်း
  • ရုံးပိတ်ရက်နှင့် အခါကြီးရက်များအတွင်း တိရစ္ဆာန်လိမ္မာများ ပြသဖျော်ဖြေပေးခြင်း
  • နေရာရှုခင်းများပြင်ဆင် ဆင်ယင်ထားရှိခြင်း
  • ရေပန်းအလှများဆောင်ရွက်ထားခြင်း
  • အပျော်စီးရေယာဉ်များ စီစဉ်ထားခြင်း
  • အခမဲ့သန့်စင်ခန်းများထားရှိပေးခြင်း