“BIODIVERSITY” တို့ကမ္ဘာမြေ ရေရှည်တည်တံ့စေဖို့ ဇီဝမျိုးစုံမျိုးကွဲများနှင့် သဘာဝပတ်ဝန်းကျင်တို့ကို အချိန်မီ ထိန်းသိမ်းကြစို့

ဇွန်လ ၅ ရက်အား ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အဖြစ် သတ်မှတ်ခဲ့ပြီး နှစ်စဉ်မြန်မာနိုင်ငံ အပါအဝင်ကမ္ဘာအနှံ့ နိုင်ငံများတွင် အခမ်းအနားများ ကျင်းပ လျက်ရှိရာ မြန်မာနိုင်ငံတွင်လည်း ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်း အမှတ်အခမ်းအနားကို နှစ်စဉ်ကျင်းပခဲ့သည်။ ယခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ ဆောင်ပုဒ်မှာ တို့ကမ္ဘာမြေ ရေရှည်တည်တံ့စေဖို့ ဇီဝမျိုးစုံမျိုးကွဲများနှင့် သဘာဝပတ်ဝန်းကျင်တို့ကို အချိန်မီ ထိန်းသိမ်းကြစို့ (BIODIVERSITY) ဖြစ်သည်။