သတင်းများ

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အထူးရန်ပုံငွေ(၂၀၂၁)ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် " နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုနှင့်ပတ်သက်၍ လေထုအရည်အသေး စောင့်ကြည့်တိုင်းတာစစ်ဆေးခြင်းနှင့် ဆန်းစစ်ခြင်းဆိုင်ရာစီမံကိန်း" ၏ ဝန်းကျင်လေထုအရည်အသွေးတိုင်းတာခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုရန်အတွက် ဝယ်ယူမည့် Ambient Air Quality Monitoring System အား တင်ဒါခေါ်ယူခြင်း

ပြည်ထောင်စုဝန်ကြီးရုံး ၊ အငယ်တန်းစာရေး ရာထူး (၃)နေရာအတွက် ရေးဖြေစာမေးပွဲအောင်မြင်သူများစာရင်းထုတ်ပြန်ခြင်း

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်ရှိ မြန်မာ့သစ်လုပ်ငန်းဆင်ဝိုင်းမှ ဆင်မ ဇာနန်းလှ၊ အသက် ၃၃နှစ်က ဆင်ဖြူတော် (အထီး)ကလေး (၁)စီးအား ၂၃.၇.၂၀၂၂ ရက်နေ့နံနက် မင်္ဂလာအချိန် ၀၆း၃၀ နာရီတွင် မွေးဖွားခဲ့ပြီး အဆိုပါ ဆင်ဖြူတော်ကလေးမှာ မွေးဖွားစတွင် အရပ်အမြင့် ၂ပေ၅လက်မ၊ ကိုယ်လုံး လုံးပတ် ၃ပေ၁လက်မ၊ ကိုယ်အလေးချိန် ပေါင် ၁၈၀ခန့် ရှိပါသည်။

သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ ရေဆင်းမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဘွဲ့နှင်းသဘင်ခန်းမ အကြီးစားမွမ်းမံပြင်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်ရန်ရှိပါ၍ မြန်မာနိုင်ငံသားလုပ်ငန်းရှင်များမှ အိတ်ဖွင့်တင်ဒါတင်သွင်းနိုင်ပါသည်။......

သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်အား ဂုဏ်ပြုရန်နှင့် နိုင်ငံတော်အတွက် သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာပညာရပ်များ၏ အရေးပါမှုကို အားပေးမြှင့်တင်နိုင်ရန် ရည်ရွယ်ပြီး မြန်မာ့သစ်တော နှစ်(၁၀၀) ရာပြည့်အထိမ်းအမှတ်အခမ်းအနား

နေပြည်တော် စက်တင်ဘာ ၅
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်အတူ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ခရီးစဉ်တွင် လိုက်ပါလာသည့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ရုရှားဖက်ဒေရေးရှင်းနိုင်ငံ၊ ဗလာဒီဗော့စတော့ခ်မြို့၊ FEFU Campus တွင် ကျင်းပပြုလုပ်သည့် 2nd International Tiger Conservation Forum သို့ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဌေးအောင်နှင့်အတူ ပါဝင် တက်ရောက်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာနသည် ၂၀၁၈ခုနှစ်၊ သစ်တောဥပဒေပုဒ်မ-၆၊ ပုဒ်မခွဲ-(င)အရ အပ်နှင်းထား သော လုပ်ပိုင်ခွင့်များကို ကျင့်သုံး၍ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်အတွင်း ကျရောက်နေသည့် ဧရိယာအကျယ်အဝန်း (၃,၃၄၀)ဧကရှိသောနယ်မြေကို “မအိုင်ကျွန်း ဒီရေတော ကြိုးပြင်ကာကွယ်တော”အဖြစ် အမိန့်ကြော်ငြာစာအမှတ် (၁၃၁/၂၀၂၂)အရ ၁၃၈၄ခုနှစ်၊ တော် သလင်းလဆန်း(၁)ရက်(၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်) မှစ၍ သတ်မှတ်ကြောင်း ကြေညာလိုက်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာနသည် ၂၀၁၈ခုနှစ်၊ သစ်တောဥပဒေပုဒ်မ-၆၊ ပုဒ်မခွဲ-(င)အရ အပ်နှင်းထား သောလုပ်ပိုင်ခွင့်များကိုကျင့်သုံး၍ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်အတွင်း ကျရောက်နေသည့် ဧရိယာအကျယ်အဝန်း (၃,၈၁၇)ဧကရှိသော နယ်မြေကို “ပေါက်မြောက်ပိုင်း(၁) ကြိုးပြင်ကာကွယ်တော”အဖြစ် အမိန့်ကြော်ငြာစာအမှတ် (၁၃၀/၂၀၂၂)အရ ၁၃၈၄ ခုနှစ်၊         တော်သလင်းလဆန်း(၁)ရက်(၂၀၂၂ခုနှစ်၊ ဩဂုတ်လ  ၂၆ ရက်)မှစ၍ သတ်မှတ်ကြောင်း ကြေညာလိုက်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာနသည် ၂၀၁၈ခုနှစ်၊ သစ်တောဥပဒေပုဒ်မ-၆၊ ပုဒ်မခွဲ-(င)အရ အပ်နှင်းထား သောလုပ်ပိုင်ခွင့်များကိုကျင့်သုံး၍ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်အတွင်းကျရောက် နေသည့် ဧရိယာအကျယ်အဝန်း(၄,၀၈၇)ဧကရှိသောနယ်မြေကို “ကြိုးကြာအင်းကြိုးပြင်ကာကွယ် တော”အဖြစ် အမိန့်ကြော်ငြာစာအမှတ်(၁၂၉/၂၀၂၂)အရ ၁၃၈၄ ခုနှစ်၊ တော်သလင်းလဆန်း(၁) ရက်(၂၀၂၂ခုနှစ်၊ ဩဂုတ်လ ၂၆   ရက်) မှစ၍ သတ်မှတ်ကြောင်း ကြေညာလိုက်သည်။

Pages