ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပ

နေပြည်တော် စက်တင်ဘာ ၁၆

စက်တင်ဘာ ၁၆ ရက်တွင် ကျရောက်ခဲ့သော ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ဟိုတယ်ဇုန်ရှိ သင်္ဂဟဟိုတယ်၌ကျင်းပရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးက - ယနေ့ ကမ္ဘာတွင် ရာသီဥတုပြောင်းလဲမှု၊ အိုဇုန်း လွှာပျက်စီးမှုနှင့် ပတ်ဝန်းကျင်ယိုယွင်း ပျက်စီးမှုဆိုင်ရာ အဓိကပြဿနာတွေ ကြုံတွေ့ နေရကြောင်း၊ အိုဇုန်းလွှာသည် ဘေးအန္တရာယ်ရှိသော ရောင်ခြည်လှိုင်း များ ကမ္ဘာမြေပြင်ပေါ်ကို မကျရောက် အောင် စုပ်ယူပေးသည့် သဘာဝအကာ အရံတစ်ခုဖြစ်သည့်အတွက် မရှိမဖြစ် လိုအပ်ပါကြောင်း၊ အိုဇုန်းလွှာထိန်းသိမ်း နိုင်ရန်အတွက် အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ်များကို ကုလသမဂ္ဂမှ ဦးဆောင်ပြဋ္ဌာန်းခဲ့ကြောင်း၊ ၁၉၈၅ ခုနှစ် အိုဇုန်းလွှာကာကွယ်ရေးဆိုင်ရာ ဗီယင်နာ ကွန်ဗင်းရှင်း၊ ၁၉၈၇ ခုနှစ် အိုဇုန်းလွှာ ပျက်စီးစေသော ဒြပ်ပစ္စည်းများဆိုင်ရာ မွန်ထရီယယ် နောက်ဆက်တွဲစာချုပ်နှင့် ပြင်ဆင်ချက် စာချုပ်များအဖြစ် လန်ဒန် ပြင်ဆင်ချက်၊ ကိုပင်ဟေဂင်ပြင်ဆင်ချက်၊ မွန်ထရီယယ်ပြင်ဆင်ချက်နှင့် ပေကျင်း ပြင်ဆင်ချက်များတွင် မြန်မာနိုင်ငံအနေဖြင့် အဖွဲ့ဝင်အဖြစ်ပါဝင်၍ ကမ္ဘာ့နိုင်ငံ များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိ ကြောင်း၊

မွန်ထရီယယ် နောက်ဆက်တွဲ စာချုပ်ကို ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင် ၁၉၇ နိုင်ငံလုံး ပါဝင်လက်မှတ်ရေးထိုးခဲ့ပြီး ဆောင်ရွက်မှုရလဒ်အနေဖြင့် CFC သုံးစွဲမှု တန်ပေါင်း (၁ ဒသမ ၁) သန်းမှ စတင်လျှော့ချခဲ့ရာ ၂ဝ၁ဝ ပြည့်နှစ်တွင် သုံးစွဲမှုအား လုံးဝ ရပ်ဆိုင်းနိုင်ခဲ့သောကြောင့် ယင်းစာချုပ်ကို အောင်မြင်ဆုံး ကမ္ဘာ့ပတ်ဝန်းကျင် ဆိုင်ရာ သဘောတူညီ ချက်တစ်ခုအဖြစ် အသိအမှတ်ပြုသည့် အနေဖြင့် စာချုပ် ချုပ်ဆိုခဲ့သော စက်တင် ဘာ ၁၆ ရက်အား ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့အဖြစ် ကုလသမဂ္ဂ အထွေထွေညီလာခံက သတ်မှတ်ခဲ့ပြီး နှစ်စဉ်မြန်မာနိုင်ငံ အပါအဝင် က္ဘာအနှံ့ နိုင်ငံများတွင် အခမ်းအနားများ ကျင်းပ လျက်ရှိရာ မြန်မာနိုင်ငံတွင်လည်း ကမ္ဘာ့ အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်း အမှတ်လှုပ်ရှားမှုများကို ၁၉၉၅ ခုနှစ်မှစ၍ နှစ်စဉ်ကျင်းပနိုင်ခဲ့ကြောင်း၊ ယခုနှစ် ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ ဆောင်ပုဒ်မှာ ''ကမ္ဘာ့ အပူချိန်လျှော့ချဖို့ ဆက်လက်ဆောင်ရွက်စို့'' (Keep Cool and Carry On) ဖြစ်ကြောင်း။

မြန်မာနိုင်ငံအနေဖြင့် မွန်ထရီယယ် နောက်ဆက်တွဲစာချုပ်ကို နိုင်ငံအတွင်း အကောင်အထည်ဖော်နိုင်ရန် အတွက် အိုဇုန်းလွှာပျက်စီးစေသော ဒြပ်ပစ္စည်း များဆိုင်ရာ လုပ်ငန်းလုပ်ကိုင်ခြင်း အမိန့် ကို ၂ဝ၁၄ ခုနှစ်တွင် ထုတ်ပြန်ခဲ့ပြီး သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်း၊ လုပ်ငန်း ရှင်များနှင့် ပူးပေါင်းအကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ဟိုက်ဒရိုကလိုရိုဖလူရိုကာဗွန် (HCFC) သုံးစွဲမှုလျှော့ချရပ်ဆိုင်းနိုင်ရေးအတွက် ဟိုက်ဒရိုကလိုရိုဖလူရိုကာဗွန် (HCFC)များသုံးစွဲမှု လျှော့ချရပ်ဆိုင်းရေး လုပ်ငန်း စီမံကိန်း (ံဏဏြ) ကို (HPMP) ကို (UNEP) နှင့် (UNIDO) တို့၏ အကူအညီနှင့်ရေးဆွဲ ခဲ့ပြီး နည်းဗျူဟာများ ချမှတ်အကောင် အထည်ဖော် လျက်ရှိကြောင်း၊ ပစ္စုပ္ပန်နှင့် အနာဂတ်မျိုးဆက်များအတွက် က္ဘာ့ လေထုအတွင်း အိုဇုန်းလွှာပျက်စီးစေ သည့် ဒြပ်ပစ္စည်းများကင်းဝေးစေရန်နှင့် ရာသီဥတုပြောင်းလဲမှု လျှော့ချနိုင်ပြီး ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက် မှုအတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများတွင် သက်ဆိုင်ရာဝန်ကြီး ဌာန၊ အဖွဲ့အစည်းများနှင့် အိုဇုန်းလွှာ ပျက်စီးစေသည့် ဒြပ်ပစ္စည်းများဆိုင်ရာ လုပ်ငန်းလုပ်ကိုင်နေသော လုပ်ငန်းရှင် များ၊ ပြည်သူများမှ ''ကမ္ဘာ့အပူချိန် လျှော့ချဖို့ ဆက်လက်ဆောင်ရွက်စို့''(Keep Cool and Carry On) ဆောင်ပုဒ်နှင့်အညီ စိတ်အားထက်သန် စွာ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန် အလေးအနက်ထား တိုက်တွန်းလို ကြောင်း ပြောကြားသည်။

အခမ်းအနားသို့ ပြည်သူ့လွှတ်တော် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ နှင့် ကိုယ်စားလှယ်များ၊ အမျိုးသား လွှတ်တော် သတ္တုသယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌနှင့် ကိုယ်စားလှယ်များ၊ အမျိုးသားအဆင့် ပတ်ဝန်းကျင်ထိန်းသိမ်း ရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဗဟိုကော်မတီဝင်များ၊ UN-Habitat နှင့် ကုလသမဂ္ဂအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ အမြဲတမ်းအတွင်း ဝန်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ပုဂ္ဂလိကလုပ်ငန်းရှင် များ၊ ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။

ဆက်လက်၍ ကုလသမဂ္ဂအထွေ ထွေအတွင်းရေးမှူးချုပ်၏ သဝဏ်လွှာ ကို ကုလသမဂ္ဂအခြေချ နေထိုင်ရေးအစီ အစဉ် UN-Habitat မှ Country Programme Manager ဖြစ်သူMr. Bijay Karmacharya က ဖတ်ကြားပြီး ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ် အမှု ဆောင်ညွှန်ကြားရေးမှူး Mr. Erik Solheim ၏ Video Message နှင့် အိုဇုန်းလွှာကာကွယ်ရေးဆိုင်ရာ ပညာပေးဗီဒီယိုကို ပြသသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တက်ရောက်လာသူများက မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးပြီး ကမ္ဘာ့ အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ပြသထားသော ပညာပေးပြခန်းများကို လှည့်လည်ကြည့်ရှုကြသည်။

ဆက်လက်၍ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ အထက်တန်းကျောင်း များမှ ကျောင်းသား ကျောင်းသူ ၇ဝဝ ခန့်အား အိုဇုန်းလွှာကာကွယ်ခြင်းနှင့် ရာသီဥတုပြောင်းလဲမှု လျှော့ချထိန်းချုပ် ရေးဆိုင်ရာ အသိပညာပေး ဟောပြော ခြင်းများ ပြုလုပ်ခဲ့ကြပါသည်။ ၁၇-၉-၂၀၁၈ သတင်းစဉ်