ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ်၊ တန့်ကြည်တောင် ကြိုးပြင်ကာကွယ်တောအတွင်း စိုက်ပျိုးထားမှုများ ကြည့်ရှု၊ မင်းသားကျကျေးရွာအား လွှဲပြောင်းပေးမည့် မြိုင်မြို့နယ်ရှိ မြိုင်တောင်ကြိုးပြင် ကာကွယ်တောရှိ ကျေးရွာထင်းစိုက်ခင်းများအား

နေပြည်တော်၊ ၁၆.၈.၂၀၂၀

၁။     စိမ်းလန်းစိုပြည်ရေး စိုက်ခင်းလုပ်ငန်းများ စစ်ဆေးရန် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်သို့ ရောက်ရှိနေသော သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးသည် ၁၆.၈.၂၀၂၀ ရက်နေ့နံနက်ပိုင်းတွင် ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် အတူ ပခုက္ကူမြိူ့နယ်၊ တန့်ကြည့်တောင် ကြိုးပြင်ကာကွယ်တောအတွင်းရှိ ၂၀၁၉-၂၀၂၀မှ ၂၀၂၃-၂၀၂၄ထိ (၅)နှစ်ကြာ ဆောင်ရွက်မည့် တန့်ကြည့်တောင် စိမ်းလန်းစိုပြည်ရေးစီမံကိန်း လုပ်ကွက်(အေ) မြေဧရိယာ (၁၀.၁) ဧက ပေါ်ရှိ ၁/၂၀၂၀ (စီမံကိန်း) သစ်မျိုးစုံစိုက်ခင်း (၇၅၀၀) ပင်နှင့် ဗာတီဗာမြက် အပင် (၄၀၀၀) စိုက်ပျိုးထားမှုအား ကြည့်ရှု့စစ်ဆေးခဲ့သည်။

၂။    ထို့နောက် ပခုက္ကူမြို့နယ်၊ တန့်ကြည်တောင် တိုးချဲ့ (၃) ကြိုးပြင်ကာကွယ်တောအတွင်း အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဉီးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသော တန့်ကြည့်တောင် စိမ်းလန်းစိုပြည်ရေးစီမံကိန်းလုပ်ကွက်(ဘီ)အတွက် စိုက်ပျိုးရေအား ယောချောင်းမှရယူရန် ဆောင်ရွက်ထားမှုအား ကြည့်ရှု့စစ်ဆေးခဲ့သည်။

၃။   ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တန့်ကြည့်တောင် စိမ်းလန်းစိုပြည်ရေး စီမံကိန်း လုပ်ကွက် (ဘီ) ယာယီရှင်းလင်းဆောင်သို့ ရောက်ရှိခဲ့ရာ စီမံကိန်းတာဝန်ရှိသူများမှ ၂၀၁၉-၂၀၂၀ မှ ၂၀၂၃-၂၀၂၄ ထိ (၅) နှစ်စီမံကိန်းဆိုင်ရာ အချက်အလက်များနှင့် ၂၀၂၀ ခုနှစ် မိုးရာသီတွင် စိုက်ပျိုးထားသည့် ၂/၂၀၂၀ (စီမံကိန်း) သစ်မျိုးစုံစိုက်ခင်း (၄၂၅၀၀)ပင် (မြန်မာ ကုက္ကိုလ်၊ ရှား၊ တမာ၊ မဲဇလီ၊ Hybrid Acacia၊ မန်ဂျန်ရှား၊ ဖောက်ဆိပ်၊ ဆီးဖြူ၊ ပဲချယ်ရီ သစ်မျိုးများ) စိုက်ခင်းဆိုင်ရာ အချက်အလက်များအား ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက အပူပိုင်းဒေသစိုက်ခင်းများ အောင်မြင်ရှင်သန်ရန်အတွက် ရေရှိမှုသည် အဓိကအချက် ဖြစ်ကြောင်း၊ ယခုစီမံကိန်းတွင် ရေရရှိရေးအား အလေးပေးဆောင်ရွက်ခဲ့သည့်အတွက် နောင်နှစ် များတွင် မိုးရေအား အားကိုးရန်မလိုတော့ဘဲ မိုးကြိုကာလများမှစတင်၍ စိုက်ခင်းများကို တည်ထောင်နိုင်တော့မည်ဖြစ်ကြောင်း၊ စိုက်ပျိုးပြီးအပင်များ ရာနှုနန်းပြည့် ရှင်သန်ရေးအတွက် ထိထိရောက်ရောက် ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်ကြောင်း၊ ရေရရှိရေးဆောင်ရွက်ရာတွင်လည်း သဘာဝအနေအထားများကို ထိရောက်အကျိုးရှိစွာ အသုံးပြုရန်လိုအပ်ပါကြောင်း၊ ရေရှိပါက စိမ်းလန်းစိုပြည်ရေးစိုက်ခင်းများအား ယခုထက် ပိုမိုတိုးချဲ့ဆောင်ရွက်နိုင်မည်ဖြစ်ပြီး အချိန်တိုကာလအတွင်း အပူပိုင်းဒေသတစ်ခုလုံး စိမ်းလန်းစိုပြည်နိုင်ရေးအတွက် စီမံချက်များရေးဆွဲတင်ပြဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် စိုက်ခင်းအား ကွင်းဆင်းကြရှု့ စစ်ဆေးပြီး အပင်များရှင်သန်ကြီးထွားရေးအတွက် လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့သည်။

၄။    ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တန့်ကြည့်တောင် တိုးချဲ့ (၄) အဆိုပြု ကြိုးပြင်ကာကွယ်တောအတွင်း ပခုက္ကူမြို့နယ်၊ သစ်‌တောဦးစီးဌာန၏ ၃/၂၀၂၀ ကျေးရွာသုံး ထင်းစိုက်ခင်း (၂၅) ဧကသို့ ရောက်ရှိခဲ့ရာ ရှေးဦးစွာ စိုက်ခင်းယာယီရှင်းလင်းဆောင်တွင် စိုက်ခင်းတာဝန်ရှိသူများမှ စိုက်ခင်းတည်ထောင်ပေးရခြင်းရည်ရွယ်ချက်၊ စိုက်ပျိုးပင်အမျိးအစားများနှင့် အကျိုးပြုမည့် ကျေးရွာများ၊ စိုက်ခင်းပြုစုပျိုးထောင်မည့်အစီအစဉ်နှင့် ကျေးရွာသို့လွှဲပြောင်းပေး အပ်မည့်အစီအစဉ်များအားရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းအစီအစဉ်နှင့် ရန်ပုံငွေသုံးစွဲမှုများအား စာရင်းစစ်စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်ရန် လမ်းညွှန်မှာ ကြားခဲ့ပြီး စိုက်ခင်းအား ကွင်းဆင်းစစ်ဆေး ကြည့်ရှု့ခဲ့သည်။

၅။   နေ့လည်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မင်းသားကျကျေးရွာအား လွှဲပြောင်းပေးမည့် မြိုင်မြို့နယ်၊ သစ်တောဦးစီးဌာန၏ မြိုင်တောင် ကြိုးပြင်ကာကွယ်တောအတွင်း ကျေးရွာသုံးစိုက်ခင်း ဧက (၅၀) တည်ထောင်ထားရှိသည့်နေရာသို့ ရောက်ရှိခဲ့ရာ စိုက်ခင်းယာယီရှင်းလင်းဆောင်တွင် တာဝန်ရှိသူများမှ စိုက်ခင်းဆိုင်ရာ အချက်အလက်များအား တင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို လမ်းညွှန်မှာကြားပြီး မင်းသားကျကျေးရွာ ရပ်မိရပ်ဖများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ကျေးရွာသုံးစိုက်ခင်းပြုစုပျိုးထောင်ခြင်း၊ ဒေသအတွင်း လူမှုဖွံ့ဖြိုးရေး ဆောင်ရွက်ခြင်းများနှင့်စပ်လျဉ်း၍ ဝန်ကြီးဌာနမှ ဆောင်ရွက်ပေးနိုင်မည့် အချက်များအား ဆွေးနွေးခဲ့သည်။

၆။    ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် (၁/၂၀၂၀) မြိုင်မြို့နယ် သင်ပေါင်းကန် ကျေးရွာတောင်ဘက်အနီး အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၏ စိုက်ခင်းအမှတ် (၂/၂၀၂၀) (အထူးစိမ်း) တမာပင်ကြီး (၄၀၀၀)ပင် စိုက်ခင်းအောင်မြင်ရှင်သန်နေမှုများအား ကြည့်ရှု့စစ်ဆေးခဲ့သည်။

၇။    ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြိုင်မြို့နယ်၊ မြို့တင်ကျေးရွာအုပ်စု၊ အရှေ့ညောင်တွင်း ကျေးရွာအနီး အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၏ (၁/၂၀၂၀) ကျေးရွာသုံးစိုက်ခင်း (၇၅) ဧက စိုက်ပျိုးပြီးစီး ရှင်သန်နေမှုများအားလည်းကောင်း ကြည့်ရှု့ စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။