သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပိုက်ကျော်ခြင်း (အမျိုးသား)နှင့် ဘော်လီဘော (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲများ ဆုချီးမြှင့်ပွဲ ကျင်းပ

နေပြည်တော်၊ ဇွန်လ ၂၉ ရက်

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပိုက်ကျော်ခြင်း (အမျိုးသား) နှင့် ဘော်လီဘော (အမျိုးသား/အမျိုးသမီး) အားကစားပြိုင်ပွဲများ ဆုချီးမြှင့်ပွဲအခမ်းအနားကို   ၂၀၂၁ခုနှစ်၊ ဇွန်လ ၂၉ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အားကစားရုံ(C)ရုံ၌ ကျင်းပသည်။

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီး ဦးမင်းမင်းဦး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ပါမောက္ခချုပ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဦးစီးဌာန၊ လုပ်ငန်းများမှ အရာထမ်း၊ အမှုထမ်းများနှင့် နိုင်ငံ့ဝန်ထမ်း အားကစားသမားများ တက်ရောက်ကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဘော်လီဘော (အမျိုးသား) ပြိုင်ပွဲ ဗိုလ်လုပွဲကို ကြည့်ရှုအားပေးသည်။ ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပရာဘော်လီဘော (အမျိုးသား) ပထမဆုရ သစ်တောရေးရာ−B အသင်းအား ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက ဆုဖလားနှင့် ငွေသားဆုငွေကျပ် (၃၀၀,၀၀၀) ကိုလည်းကောင်း၊ ပိုက်ကျော်ခြင်း (အမျိုးသား) ပထမဆုရ သစ်တောဦးစီးဌာနအသင်းအား ဒုတိယဝန်ကြီး ဦးမင်းမင်းဦးက ဆုဖလားနှင့် ငွေသားဆုငွေကျပ် (၃၀၀,၀၀၀)ကို လည်းကောင်း၊ ဘော်လီဘော (အမျိုးသမီး) ပထမဆုရ ပြည်ထောင်စုဝန်ကြီးရုံး (သစ်တောရေးရာ) အသင်းအား အမြဲတမ်းအတွင်းဝန် ဒေါက်တာညီညီကျော်က ဆုဖလားနှင့် ငွေသားဆုငွေကျပ်(၃၀၀,၀၀၀) ကိုလည်းကောင်း၊ ပိုက်ကျော်ခြင်း(အမျိုးသား) နှင့် ဘော်လီဘော (အမျိုးသား/အမျိုးသမီး) ဒုတိယဆု ငွေသားဆုငွေကျပ် (၂၀၀,၀၀၀)၊ တတိယဆု ငွေသားဆုငွေကျပ် (၁၀၀,၀၀၀)နှင့် နှစ်သိမ့်ဆုများကို ညွှန်ကြားရေးမှူးချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများက လည်းကောင်း ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။