အငယ်တန်းစာရေး (လစာနှုန်းကျပ် ၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀) ရာထူး (၄) နေရာအတွက် အောက်ဖော်ပြပါသတ်မှတ်အရည်အချင်းပြည့်မီသူများ လျှောက်ထားနိုင် ပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး

 ရုံးအမှတ် (၂၈)အတွက် ဝန်ထမ်းလျှောက်လွှာခေါ်ယူခြင်း

 

၁။      သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ရုံးအမှတ် (၂၈)တွင် လစ်လပ်လျက်ရှိသည့် အငယ်တန်းစာရေး (လစာနှုန်းကျပ် ၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀) ရာထူး (၄)  နေရာအတွက် အောက်ဖော်ပြပါသတ်မှတ်အရည်အချင်းပြည့်မီသူများ လျှောက်ထားနိုင် ပါသည်။ဦးစွာပေးပို့လာသည့် လျှောက်လွှာ(၅၀)ကိုသာ လက်ခံမည်ဖြစ်ပါသည်-

(က)

ပြည်‌ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။

(ခ)

သတ်မှတ်ပညာအရည်အချင်းမှာ တက္ကသိုလ်မှဘွဲ့တစ်ခုခုရရှိပြီး ကွန်ပျူတာ တတ်ကျွမ်းသူ ဖြစ်ရမည်။

(ဂ)

(၁၅-၇-၂၀၂၁)ရက်နေ့တွင် ပြင်ပပုဂ္ဂိုလ်များအသက်(၂၇)နှစ်ထက် မကျော်လွန်သူ ဖြစ်ရမည်ဖြစ်ပြီး ဌာနတွင်းတွင် တာဝန်ထမ်းဆောင်သူဖြစ်ပါက အသက်(၃၅)နှစ် ထက် မကျော်လွန်သူဖြစ်ရမည်။

(ဃ)

ရွေးချယ်ခြင်းခံရသူများသည် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးတွင် အနည်းဆုံး(၃)နှစ် တာဝန်ထမ်းဆောင် ရမည်။

(င)

လျှောက်လွှာနှင့်အတူအောက်ပါအချက်များကို ပြည့်စုံစွာဖော်ပြရမည်။

(၁)     ကိုယ်ရေးမှတ်တမ်း

(၂)      (၃)လအတွင်းရိုက်ကူးထားသောပတ်စ်ပို့ဓါတ်ပုံ(၃)ပုံ

(၃)     နိုင်ငံသားစိစစ်ရေးကတ်(မိတ္တူ)

(၄)     ပညာအရည်အချင်းအတွက်ဘွဲ့လက်မှတ်(မိတ္တူ)

(၅)     အခြားတတ်ကျွမ်းသည့် ဘာသာရပ်များအတွက် အောင်လက်မှတ်           (မိတ္တူများ)

(၆)     အသက်အထောက်အထားအတွက် တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်           (မိတ္တူ)

(၇)     တစ်လအတွင်းပြုလုပ်ထားသည့် ကျန်းမာရေးကောင်းမွန်ကြောင်း ဆေး           ထောက်ခံစာ၊ အကျင့်စာရိတ္တကောင်းမွန်ကြောင်း ရပ်ကွက်/ ကျေးရွာ           ထောက်ခံစာ၊ ပြစ်မှုကင်းရှင်းကြောင်း သက်ဆိုင်ရာရဲစခန်းထောက်ခံစာ           (မူရင်းများ)

(၈)     (၆)လအတွင်း ပြုလုပ်ထားသည့် အလုပ်သမားမှတ်ပုံတင်(မိတ္တူ) (နိုင်ငံ့           ဝန်ထမ်းဖြစ်ပါကတင်ပြရန်မလိုပါ)

(၉)     နိုင်ငံ့ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာဝန်ကြီးဌာန၏ခွင့်ပြုကြောင်းနှင့် ပြစ်မှု           ကင်းရှင်းကြောင်းထောက်ခံစာ(မူရင်း)

 

၂။       လျှောက်လွှာများကို သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ website ဖြစ်သော www.monrec.gov.mm၌ ဝင်ခွင့်လျှောက်လွှာပုံစံအား download ရယူနိုင်ပြီး ပြည်ထောင်စု ဝန်ကြီးရုံး၊ ရုံးအမှတ်(၂၈)၊ နေပြည်တော်သို့ ၂၂-၇-၂၀၂၁ ရက် (ကြာသပတေးနေ့) နောက်ဆုံးထား၍ လူကိုယ်တိုင်ဖြစ်စေ၊ ကိုယ်စားဖြင့်ဖြစ်စေ၊ စာတိုက်မှတစ်ဆင့်ဖြစ်စေ လျှောက်ထားနိုင်သည်။ လျှောက်လွှာပုံစံ ရယူရန် http://www.monrec.gov.mm/sites/default/files/test/Book_PDF/LD_4_Post.pdf

၃။      စာမေးပွဲဖြေဆိုခွင့် ခုံအမှတ်များကို ၃၀-၇-၂၀၂၁ ရက်(သောကြာနေ့)တွင် သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ရုံးအမှတ်(၂၈)၌ ရုံးချိန်အတွင်း ထုတ်ပေးသွားမည်။

၄။      ရေးဖြေစာမေးပွဲတွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ အထွေထွေဗဟုသုတဘာသာရပ်များကို စစ်ဆေး မည်ဖြစ်ပြီး ၁-၈-၂၀၂၁ ရက်(တနင်္ဂနွေနေ့)တွင် နံနက် ၀၉း၀၀ နာရီမှ ၁၂း၀၀ နာရီအထိ နေပြည်တော် တွင်ဖြေဆိုရမည်ဖြစ်ပါသည်။

၅။      ရေးဖြေဖြေဆိုခွင့်ရရှိသူများစာရင်းနှင့် ရေးဖြေအောင်မြင်ပြီး လူတွေ့ဖြေဆိုခွင့်ရရှိသူများ စာရင်းကို ဆက်သွယ်အကြောင်းကြားပေးမည်ဖြစ်ပါသည်။

၆။      လူတွေ့စစ်ဆေးချိန်အတွင်း ဘွဲ့လက်မှတ်၊ နိုင်ငံသားစိစစ်ရေးကတ်၊ တက္ကသိုလ်ဝင်တန်း အောင်လက်မှတ်၊ အခြားအောင်လက်မှတ်များ၊ အလုပ်သမားမှတ်ပုံတင် စသည်တို့ကို မူရင်းတင်ပြ နိုင်ရမည်။

၇။      အသေးစိတ်သိရှိလိုပါက သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ရုံးအမှတ်(၂၈) ၊ နေပြည်‌တော်တယ်လီဖုန်းအမှတ် ၀၆၇-၄၀၅၀၇၂ / ၀၆၇-၄၀၅၃၈၃ သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါသည်။

 

 

                                                သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန