အငယ်တန်းစာရေးရာထူး(၄)နေရာအတွက် အရည်အချင်းစစ်စာမေးပွဲအား ရက်ရွှေ့ဆိုင်းခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီးရုံး

အငယ်တန်းစာရေးရာထူး(၄)နေရာအတွက် အရည်အချင်းစစ်စာမေးပွဲအား ရက်ရွှေ့ဆိုင်းခြင်း

၁။      သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ရုံးအမှတ်(၂၈) အငယ်တန်းစာရေး လစာနှုန်းကျပ်(၁၈၀၀၀၀- ၂၀၀၀-၁၉၀၀၀၀)ရာထူး(၄)နေရာအား ပြင်ပမှခေါ်ယူခန့်ထားနိုင်ရေးအတွက် ၇.၇.၂၀၂၁ ရက်နေ့ထုတ် မြန်မာ့အလင်းနှင့် ကြေးမှုံသတင်းစာတို့တွင် ခေါ်ယူခဲ့ပြီး အရည်အချင်းစစ် ရေးဖြေစာမေးပွဲအား ၁-၈-၂၀၂၁ ရက်နေ့ တွင်ကျင်းပပြုလုပ်ရန်ရှိသော်လည်း လက်ရှိအချိန်တွင် နေပြည်တော်၌ COVID-19 ‌ရောဂါပိုး ပျံ့နှံ့ နေမှုအခြေအနေကြောင့်  ရေးဖြေစာမေးပွဲအား ရက်ရွှေ့ဆိုင်းပါကြောင်းနှင့် စာမေးပွဲဖြေဆိုရမည့် နေ့ရက်အား သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ website www.monrec.gov.mm နှင့် https://www.facebook.com/MONRECForestryMyanmar တို့တွင် ပြန်လည်ကြေငြာပေးသွားမည်ဖြစ်ပါပါသည်။

၂။       အသေးစိတ်သိရှိလိုပါက သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ရုံးအမှတ်(၂၈) ၊ နေပြည်‌တော်တယ်လီဖုန်းအမှတ် ၀၆၇-၄၀၅၀၇၂ / ၀၆၇-၄၀၅၃၈၃ သို့ ရုံးချိန် အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါသည်။

 

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန