ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ပြင်ဦးလွင် အမျိုးသားကန်တော်ကြီးဥယျာဉ်သို့ သွားရောက်စစ်ဆေး

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးများ၏ ပြည်တွင်းခရီးစဉ်

(၁၃-၉-၂၀၂၁)ရက်

          ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁၃ ရက် နေ့လယ်ပိုင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး‌ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကို တို့သည် အမျိုးသားကန်တော်ကြီးဥယျာဉ်သို့ သွားရောက်စစ်ဆေးခဲ့ရာ သစ်တောဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်မှ ကန်တော်ကြီးအတွင်းရှိ ရေကန်(၄)ကန်၏ ရေဝင်ရောက်မှု အခြေအနေ၊ နွေရာသီရေခမ်းခြောက်မှု အခြေအနေ၊ လက်ရှိအခြေ အနေနှင့် ရေခမ်းခြောက်ရသည့် အကြောင်းအရင်းများ၊ (၁၀)နှစ်အတွင်း မိုးရွာသွန်းမှုအခြေအနေနှင့် အပူချိန်တို့အားလည်းကောင်း ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးမှ အမျိုးသားကန်တော်ကြီး ဥယျာဉ်၏ ရေဝင်ရောက်မှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် အစီစဉ်များအား လည်းကောင်း ရှင်းလင်းတင်ပြရာ သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးများမှ ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးခဲ့ပါသည်။      ဆက်လက်၍ သစ်တောဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်မှ ကော်ဖီစိုက်ခင်းများ ခွင့်ပြု ပေးမှုအပေါ် အမှန်တယ်စိုက်ပျိုးထားရှိမှု အခြေအနေများကို တင်ပြရာ ပြည်ထောင်စုဝန်ကြီးများမှ ပေါင်းစပ်ညှိနှိုင်းဆွေးနွေးပြီး အမျိုးသားကန်တော်ကြီး ဥယျာဉ်အတွင်းလှည့်လည်စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။