ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ မေမြို့ထင်းကြိုးဝိုင်းနှင့် ကော်ဖီစိုက်ခင်း စစ်ဆေးခြင်း

 သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၏ ပြည်တွင်းခရီးစဉ်(၁၅-၉-၂၀၂၁)ရက်နေ့

၁။      သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး‌ဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁၅ ရက် မနက်ပိုင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး၊ မြန်မာနိုင်ငံကော်ဖီအသင်းမှ ကော်ဖီ ကျွမ်းကျင်ပညာရှင်များနှင့်အတူ မေမြို့ထင်းကြိုးဝိုင်း အကွက်အမှတ်(၂၃) ၁/၁၉၈၅ စီးပွားရေး ထင်းရှူးစိုက်ခင်းအတွင်းရှိ သစ်တောဦးစီးဌာနက စမ်းသပ်စိုက်ပျိုးထားသော ကော်ဖီ(၅)ဧက၏ အောင်မြင်ဖြစ်ထွန်းနေမှုအခြေအနေနှင့် အလားလာကောင်းများရှိနိုင်မှု အခြေအနေတို့ကို ကွင်းဆင်း ကြည့်ရှု စစ်ဆေး၍ လိုအပ်သည်များ မှာကြားသည်။

၂။       ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ပြင်ဦးလွင်မြို့သို့ ရေပေးဝေလျက်ရှိသည့် အထက် သစ်တစ်ပင်ရေကန်၊ အောက်သစ်တစ်ပင်ရေကန်နှင့် နောင်ခမ်းကြီးကျေးရွာသို့ ရေပေးဝေလျက်ရှိ သည့်နောင်ခမ်းကြီးရေကန်တို့၏ ရေဝေရေလဲဒေသဖြစ်သော တောင်ပြိုတိုးချဲကြိုးဝိုင်း အကွက်အမှတ် (၇)အတွင်းတည်ထောင်စိုက်ပျိုးထားသည့် ၁/၂၀၁၇ ရေဝေရေလဲစိုက်ခင်း(၁၀၀)ဧကအား သွားရောက် စစ်ဆေးသည်။ ပြည်ထောင်စုဝန်ကြီးက ရေပေးဝေရေးအတွက် အရေးပါသည့် ရေကန်(၃)ကန်၏ ရေဝေရေလဲဒေသအား အလေးထား ဆက်လက်ထိန်းသိမ်း စောင့်ရှောက်သွားရန်မှာကြားခဲ့ပြီး အောက်သစ်တစ်ပင်ရေကန်သို့ သွားရောက် ကြည့်ရှုစစ်ဆေးသည်။

၃။      ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပြင်ဦးလွင်မြို့တွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနအောက်ရှိ သစ်တောဦးစီးဌာန၊ မြန်မာ့သစ်လုပ်ငန်းနှင့် ပတ်ဝန်းကျင်ထိန်း သိမ်းရေးဦးစီးဌာနရုံးများသို့ သွားရောက်၍ ဝန်ထမ်းများနှင့်တွေ့ဆုံကာ နိုင်ငံဝန်ထမ်းကောင်း ပီသစွာဖြင့် ရည်မှန်းချက်တာဝန်များကိုကျေပွန်စွာ ထမ်းဆောင်သွားကြရန်၊ တာဝန်ထမ်းဆောင်ကြ ရာတွင် ဌာနအချင်းချင်း အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှု (Team Work)အား ကောင်းကောင်း ဖြင့်ဆောင်ရွက်သွားကြရန်၊ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ရေးနှင့် ပတ်သက်၍ ကျန်းမာရေး ဝန်ကြီးဌာနလမ်းညွှန်ချက်များအတိုင်း လိုက်နာနေထိုင်ကြရန်မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ် ဖြည့်ဆည်းပေးသည်။

၄။      နေ့လယ်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မေမြိုထင်းကြိုးဝိုင်းအတွင်း သစ်တောဦးစီး ဌာနနှင့် စာချုပ်ချုပ်ဆိုစိုက်ပျိုးနေသော ကော်ဖီခြံများအားကြည့်ရှုစစ်ဆေးပြီး မြန်မာနိုင်ငံသစ်တော ကျောင်းက တာဝန်ယူထိန်းသိမ်းစောင့်ရှောက်ထားသည့် လေ့ကျင့်ရေးသစ်တော (၅၀၀)ဧက အတွင်းလှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး သဘာဝတောထိန်းသိမ်းမှု ကောင်းမွန်၍ ဇီဝမျိုးစုံမျိုးကွဲ ကြွယ်ဝသည့်အတွက် လေ့ကျင့်ရေးသစ်တောအား ဆက်လက်၍ ထိန်းသိမ်းကာကွယ်စောင့်ရှောက် သွားရန် မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။