ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ရှမ်းပြည်နယ်၊ သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူး၊ လက်ထောက် ညွှန်ကြားရေးမှူး၊ ဦးစီးအရာရှိတို့အား တွေ့ဆုံမှာကြား

နေပြည်တော်၊ ၂−၁၀−၂၀၂၁

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်နေ့၊ နေ့လည်ပိုင်းတွင် ကလောမြို့၊ စစ်ဦးစီးတက္ကသိုလ်ရှိ၊ အင်ကြင်းရိပ်သာတွင် ရှမ်းပြည်နယ်၊ သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး၊ ဦးစီးအရာရှိတို့နှင့် တွေ့ဆုံ၍ ကလောမြို့အား ထင်းရှူးမြို့တော်အဖြစ် ဆောင်ရွက်မည့် စီမံချက်အပေါ် အကောင်အထည်ဖော် ဆောင်ရွက်မည့် အခြေအနေ၊ ကြိုးဝိုင်း ကြိုးပြင် ကာကွယ်တောများ၊ သဘာဝရေထွက်များအား စနစ်တကျ ကာကွယ်ထိန်းသိမ်းရေး၊ သစ်တောစိုက်ခင်းများထည်ထောင်ရန်အတွက် ပျိုးဥယျာဉ်များအား ကြိုတင်ပြင်ဆင်ပြုစု ပျိုးထောင်ထားရှိမှု အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ပြီး လိုအပ်သည်များကို မှာကြားခဲ့ ကြောင်း သတင်းရရှိပါသည်။