ကျွန်း/သစ်မာ လျာထားထုတ်လုပ်မှု (၁) နှစ် ရပ်နားကြောင်း ကြေညာခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီးရုံး

အမိန့်ကြော်ငြာစာအမှတ်  ၆၅ /၂၀၂၂

၁၃၈၃ ခုနှစ်၊ တန်ခူးလဆန်း   ၅   ရက်

(၂၀၂၂ ခုနှစ်၊ ဧပြီလ   ၅    ရက်)

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ သစ်ထုတ်ရာသီတွင် ကျွန်း/သစ်မာ လျာထားထုတ်လုပ်မှု (၁) နှစ် ရပ်နားကြောင်း ကြေညာခြင်း

၁။      သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် သစ်တောသယံဇာတ များရေရှည်တည်တံ့စေရေးအတွက် မြန်မာနိုင်ငံတစ်ဝန်းရှိ တိုင်းဒေသကြီး/ပြည်နယ်အသီးသီး တွင် သစ်တောများပြန်လည်တည်ထောင်ခြင်းအစီအစဉ်ကို ၂၀၁၇-၂၀၁၈ ခုနှစ်မှ ၂၀၂၆-၂၀၂၇ ခုနှစ်အထိ (၁၀) နှစ် စီမံကိန်းရေးဆွဲ၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး သစ်ထုတ် လုပ်မှုကိုလည်း နှစ်စဉ်ထုတ်လုပ်နိုင်မည့်ပမာဏ (Annual Allowable Cut - AAC) ဘောင်အတွင်းမှ လျှော့ချထုတ်လုပ်ရန် လျာထားဆောင်ရွက်လျက်ရှိပါသည်။

၂။       သစ်တောသယံဇာတများ ရေရှည်တည်တံ့‌စေရေး ဦးတည်လျက် ၂၀၂၁-၂၀၂၂ ခုနှစ်၊ (၆) လ ဘဏ္ဍာနှစ်ကာလတွင် သစ်ထုတ်လုပ်မှုရပ်နားခဲ့ပြီး၊ ယခု ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင်လည်း ကျွန်း/သစ်မာလျာထားထုတ်လုပ်မှုအားထပ်မံ၍ (၁) နှစ်ရပ်နားလိုက်ကြောင်းကြေညာလိုက်သည်။