သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန မြန်မာ့ရိုးရာ အတာသင်္ကြန် ကျင်းပ

နေပြည်တော်၊ ၈-၄-၂၀၂၂

မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်မှ ၁၃၈၄ ခုနှစ်သို့ ကူးပြောင်းသည့် အချိန်အခါသမယကို ကြိုဆိုသောအားဖြင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ ၏ မြန်မာ့ရိုးရာအတာသင်္ကြန်ရေပက်ဖျန်းခြင်း၊ စတုဒီသာ ဧည့်ခံကျွေးမွေးခြင်း၊ သင်္ကြန်တေးသီချင်း အက၊ အလှများဖြင့် ဖျော်ဖြေခြင်း၊ ပျော်ပွဲရွှင်ပွဲအခမ်အနားကို ၈-၄-၂၀၂၂ ရက်နေ့တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဦးစီးဌာနရုံးချုပ်များတွင် အသီးသီးကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ဒုတိယဝန်ကြီး ဦးမင်းမင်းဦးက မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်မှ ၁၃၈၄ ခုနှစ်သို့ ကူးပြောင်းသည့် မြန်မာ့ရိုးရာအတာသင်္ကြန် အကြိုပွဲကို ပါဝင်ဆင်နွှဲကြသည့် အရာထမ်း၊ အမှုထမ်းများအားလုံးနှစ်သစ်တွင် ပျော်ရွှင်ကျန်းမာကြပါစေကြောင်း၊ စိတ်သစ်ကိုယ်သစ်ဖြင့် နိုင်ငံတာဝန်၊ မိသားစုတာဝန်များကို ကျေပွန်စွာထမ်းဆောင်နိုင်သူများဖြစ်ကြပါစေကြောင်း၊ ကပ်ရောဂါဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးပြီး ချမ်းသာသုခနှင့် ပြည့်စုံပါစေကြောင်း ဆုတောင်းမေတ္တာပို့သခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနအကြီးအကဲတို့က စတုဒီသာဧည့်ခံ ကျွေးမွေးနေမှုများ၊ သင်္ကြန်တေးသီချင်းများဖြင့် တွဲဖက်၍ ယိမ်းအက အလှများဖြင့် ကပြဖျော်ဖြေ တင်ဆက်နေမှုများကို ကြည့်ရှုအားပေးကြပြီး မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်အညီ အောင်သပြေခက်ဖြင့် အတာရေပက်ဖျန်း ပျော်ရွှင်စွာ ဆင်နွှဲခဲ့ကြောင်း သတင်းရရှိသည်။