ဒုတိယဝန်ကြီး ဦးထွန်းအုံ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြန်မာ့သစ်လုပ်ငန်း၊ သစ်တောဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် မြေတိုင်းဦးစီးဌာန၊ သတ္တုတွင်းဦးစီးဌာနတို့မှ တိုင်းအဆင့် ဌာနဆိုင်ရာအရာထမ်းများနှင့် တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်

နေပြည်တော်၊ ၂၀၂၂ ခုနှစ်၊ မေလ ရက်

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးထွန်းအုံသည် ၂၀၂၂ ခုနှစ် မေလ ၉ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ကြို့ကုန်းသစ်တောဝန်းရှိ မြန်မာ့သစ်လုပ်ငန်း၊ တော်ဝင်ခန်းမ၌ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြန်မာ့သစ်လုပ်ငန်း၊ သစ်တောဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် မြေတိုင်းဦးစီးဌာန၊ သတ္တုတွင်းဦးစီးဌာနတို့မှ တိုင်းအဆင့် ဌာနဆိုင်ရာအရာထမ်းများနှင့် တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်ရာ မြန်မာ့သစ်လုပ်ငန်း၊ သစ်တောဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် မြေတိုင်းဦးစီးဌာနတို့မှ အထွေထွေမန်နေဂျာနှင့် ညွှန်ကြားရေးမှူးများက သက်ဆိုင်ရာဌာနအလိုက် လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြသည်။

ရှင်းလင်းတင်ပြမှုအပေါ် ဒုတိယဝန်ကြီးက ဖြည့်စွက်မှာကြားပြီး ဝန်ထမ်းများအား ဆက်လက်တွေ့ဆုံမှာကြားရာတွင် မိမိတို့ဌာနတိုးတက်ရေးအတွက် ဝန်ထမ်းများအနေဖြင့် စဉ်ဆက်မပြတ်လေ့လာသင်ယူခြင်း (Life-Long-Learning)ကို ဆောင်ရွက်ရန်၊ သက်ဆိုင်ရာလုပ်ငန်း/ဌာနများအနေဖြင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး (Human Resource Development) အတွက် စွမ်းဆောင်ရည်မြှင့်တင်ခြင်းသင်တန်းများ ဖွင့်လှစ် ဆောင်ရွက်သွားရန်၊ နိုင်ငံ့ဝန်ထမ်းများဖြစ်သည်နှင့်အညီ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများကို လေးစားလိုက်နာရန်နှင့် ဌာနလုပ်ငန်းရည်မှန်းချက်များ အောင်မြင်ရေးအတွက် ဌာနအချင်းချင်း ပူးပေါင်း ဆောင်ရွက်ရန်တို့ကို မှာကြားပြီး ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့သည်။