ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန၊ အိတ်ဖွင့်တင်ဒါ တင်သွင်းနိုင်ရန် ဖိတ်ခေါ်ယူခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံး

အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

၁။         ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံးမှ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် အောက်ဖော်ပြပါ တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်မည်ဖြစ်ပါ၍ မြန်မာနိုင်ငံသားလုပ်ငန်းရှင်များအား အိတ်ဖွင့်တင်ဒါ တင်သွင်းနိုင်ရန် ဖိတ်ခေါ် အပ်ပါသည်။

 (က)     တပ်ကုန်းမြို့နယ်ရုံး အုတ်တံတိုင်းခြံစည်းရိုးကာရံခြင်း ၊ အောက်ခံကျောက်ကြီးစီ R.Wall (၄၁၄'x၄')၊ အုတ်သံပန်း(၁၅၈')နှင့် အုတ်တံတိုင်း(၂၅၆') ၊ စုစုပေါင်း(၄၁၄')အရှည် ခြံစည်းရိုးကာရံခြင်း ( သံတံခါး ၁၆’ (၂)ချပ်နှင့် သွပ်ဆူးကြိုးကာရံခြင်း အပါအဝင်) Fencing ၆’, (RC တိုင်,  RC Lintel , RC Beam အပါ) ( R.W ထု ၉” )

၂။       တင်ဒါလျှောက်လွှာရောင်းချမည့်ရက်  −   ( ၂၅  -  ၅   - ၂၀၂၂ )   ရက်နေ့မှ

                                                                 ( ၁၄ -   ၆  - ၂၀၂၂ )    ရက်နေ့အထိ

၃။      တင်ဒါနောက်ဆုံးတင်သွင်းရမည့်ရက်  −   ( ၁၄  -  ၆  - ၂၀၂၂ )    ရက်နေ့  (၁၆:၀၀)နာရီ

၄။      တင်ဒါရောင်းချမည့်နေရာနှင့် တင်ဒါ   −   နေပြည်တော်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊

           တင်သွင်းရမည့်နေရာ                           ညွှန်ကြားရေးမှူးရုံး၊  မန္တလေးလမ်းနှင့်   ဥတ္တရသီရိ

                                                                 မြို့ပတ်လမ်းထောင့်     ၊   (တိုင်းရင်းဆေးရုံအနီး)                                                                          ပုဗ္ဗသီရိမြို့နယ်

၅။      တင်ဒါပုံစံနှင့်အချက်အလက်များကို ဌာနမှသတ်မှတ်နှုန်းထားဖြင့်ဝယ်ယူ၍ သတ်မှတ်ရက် အတွင်း လာရောက်လျှောက်ထားရမည်။ သတ်မှတ်ချိန်ကာလထက် ကျော်လွန်ပေးပို့လာသော တင်ဒါများကို ထည့်သွင်းစဉ်းစားမည် မဟုတ်ပါ။

၆။      အသေးစိတ်အချက်အလက်များကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဦးစီးဌာန ၊ ညွှန်ကြားရေးမှူးရုံး၊ ၀၆၇-၃၄၃၃၂၈၀၊ ၀၆၇−၃၄၃၃၂၇၈ သို့ ရုံးချိန်အတွင်း ဆက်သွယ် စုံစမ်းနိုင်ပါသည်။

 

တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီ