သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ ရေဆင်း စျေးနှုန်း အဆိုပြုလွှာ တင်သွင်းနိုင်ရန် ဖိတ်ခေါ်ခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ ရေဆင်း

စျေးနှုန်း အဆိုပြုလွှာ တင်သွင်းနိုင်ရန် ဖိတ်ခေါ်ခြင်း

၁။      သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ ရေဆင်း၏ ၂၀၂၂ -၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ပူးတွဲစာရင်းပါ သစ်ထောက်ကူစာအုပ် မျိုးပေါင်း (၁၀၀)အုပ်အား မြန်မာကျပ်ငွေဖြင့် ဝယ်ယူရန်ရှိပါ၍ မြန်မာနိုင်ငံသား လုပ်ငန်းရှင်များမှ စျေးနှုန်းအဆိုပြုလွှာများအား တင်သွင်းနိုင်ပါကြောင်း ဖိတ်ခေါ်အပ်ပါသည်။

၂။       စျေးနှုန်းအဆိုပြုလွှာများကို (၂၅-၅-၂၀၂၂)ရက်နေ့မှ (၇-၆-၂၀၂၂) ရက်နေ့အထိ နံနက် (၀၉း၃၀)နာရီမှ (၁၆း၃၀)နာရီအတွင်း တင်သွင်းနိုင်ပါကြောင်း၊ သတ်မှတ်ရက်၊ အချိန်ထက် နောက်ကျ၍ တင်သွင်းသည့် စျေးနှုန်းအဆိုပြုလွှာများကို ထည့်သွင်းစဉ်းစားမည်မဟုတ်ပါကြောင်းနှင့် သေးစိတ်သိလိုသော အချက်အလက်များအား သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ စီမံခန့်ခွဲရေးဌာနရုံးသို့ လူကိုယ်တိုင် လာရောက်၍သော်လည်းကောင်း၊ ဖုန်းနံပါတ် ၀၆၇ ၃၄၁၆၆၈၁ သို့ဆက်သွယ်၍လည်းကောင်း စုံစမ်းမေးမြန်းနိုင်ပါသည်။

တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီ

သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ ရေဆင်း