သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး ရုံးအမှတ် (၂၈)အတွက် ဝန်ထမ်းလျှောက်လွှာခေါ်ယူခြင်း

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး

 ရုံးအမှတ် (၂၈)အတွက် ဝန်ထမ်းလျှောက်လွှာခေါ်ယူခြင်း

 

၁။      သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ရုံးအမှတ် (၂၈)တွင် လစ်လပ်လျက်ရှိသည့် အငယ်တန်းစာရေး (လစာနှုန်းကျပ် ၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀) ရာထူး (၃)  နေရာအတွက် အောက်ဖော်ပြပါသတ်မှတ်အရည်အချင်းပြည့်မီသူများ လျှောက်ထားနိုင် ပါသည်။ဦးစွာပေးပို့လာသည့် လျှောက်လွှာ(၅၀)ကိုသာ လက်ခံမည်ဖြစ်ပါသည်-

(က)

ပြည်‌ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။

(ခ)

(၁၅-၈-၂၀၂၂)ရက်နေ့တွင် အသက်(၁၈)နှစ်ပြည့်ပြီး အသက်(၃၅)နှစ်ထက် မကျော်လွန်သူဖြစ်ရမည်။ နိုင်ငံ့ဝန်ထမ်းဖြစ်ပါက အသက်(၄၀)နှစ် ထက် မကျော်လွန်သူဖြစ်ရမည်။

(ဂ)

တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီး ကွန်ပျူတာတတ်ကျွမ်းသူ ဦးစားပေးမည်။

(ဃ)

လျှောက်လွှာနှင့်အတူအောက်ပါအချက်များကို ပူးတွဲတင်ပြရမည်။

(၁)     ကိုယ်ရေးမှတ်တမ်း

(၂)      လွန်ခဲ့သော(၂)လအတွင်းရိုက်ကူးထားသောပတ်စ်ပို့ဓါတ်ပုံ(၃)ပုံ

(၃)     နိုင်ငံသားစိစစ်ရေးကတ်(မိတ္တူ)

(၄)     ပညာအရည်အချင်းအတွက်ဘွဲ့လက်မှတ်(မိတ္တူ)

(၅)     အခြားတတ်ကျွမ်းသည့် ဘာသာရပ်များအတွက် အောင်လက်မှတ်           (မိတ္တူများ)

(၆)     အသက်အထောက်အထားအတွက် တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်           (မိတ္တူ)

(၇)     လွန်ခဲ့သောတစ်လအတွင်း ပြုလုပ်ထားသည့် အကျင့်စာရိတ္တကောင်းမွန်           ကြောင်း ရပ်ကွက် / ကျေးရွာထောက်ခံစာ ၊ ပြစ်မှုကင်းရှင်းကြောင်း           သက်ဆိုင်ရာရဲစခန်း   ထောက်ခံစာ (မူရင်းများ)     

(၈)     သက်တမ်းရှိ အလုပ်သမားမှတ်ပုံတင်(မိတ္တူ)

 (၉)    နိုင်ငံ့ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာဝန်ကြီးဌာန၏ခွင့်ပြုကြောင်းနှင့် ပြစ်မှု           ကင်းရှင်းကြောင်းထောက်ခံစာ(မူရင်း)

 

 

၂။       လျှောက်လွှာများကို သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ website ဖြစ်သော www.monrec.gov.mm ၌ ဝင်ခွင့်လျှောက်လွှာပုံစံအား download ရယူနိုင်ပြီး ပြည်ထောင်စု ဝန်ကြီးရုံး၊ ရုံးအမှတ်(၂၈) ၊ နေပြည်တော်သို့ ၁၂-၉-၂၀၂၂ ရက် (တနင်္လာနေ့) နောက်ဆုံးထား၍ လူကိုယ်တိုင်ဖြစ်စေ ၊ ကိုယ်စားဖြင့်ဖြစ်စေ ၊ စာတိုက်မှတစ်ဆင့်ဖြစ်စေ လျှောက်ထားနိုင်သည်။

လျှောက်လွှာပုံစံအား Download ရယူရန်

https://www.monrec.gov.mm/sites/default/files/test/Book_PDF/MONREC-Form.pdf

၃။      စာမေးပွဲဖြေဆိုခွင့် ခုံအမှတ်များကို ၁၆-၉-၂၀၂၂ ရက် (သောကြာနေ့) တွင် သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီးရုံး ၊ ရုံးအမှတ်(၂၈)၌ ရုံးချိန် အတွင်း ထုတ်ပေးသွားမည်။

၄။      လျှောက်လွှာနှင့်စပ်လျဉ်း၍ သတ်မှတ်ထားသော စာရွက်စာတမ်း မပြည့်စုံလျှင်သော်လည်း ကောင်း ၊ လျှောက်လွှာလက်ခံရန် သတ်မှတ်ထားသောရက်ထက် နောက်ကျရောက်ရှိလျှင်သော် လည်းကောင်း၊ လျှောက်လွှာအရေအတွက် (၅၀) ထက်ကျော်လွန်သော်လည်းကောင်း လျှောက်လွှာ များကို လက်ခံစဉ်းစားမည်မဟုတ်ပါ။

၅။      အရည်အချင်းစစ် ရေးဖြေစာမေးပွဲတွင် မြန်မာစာ ၊ အင်္ဂလိပ်စာ ၊ အထွေထွေဗဟုသုတ ဘာသာရပ်များကို စစ်ဆေးမည်ဖြစ်ပြီး ၂၃-၉-၂၀၂၂ ရက် (သောကြာနေ့) တွင် နံနက် ၀၉း၃၀ နာရီမှ ၁၂း၀၀ နာရီအထိ နေပြည်တော်တွင် ဖြေဆိုရမည်ဖြစ်ပါကြောင်းနှင့်  အရည်အချင်းစစ်စာမေးပွဲ အောင်မြင်သူများကိုသာ လူတွေ့စစ်ဆေးခြင်းပြုလုပ်မည်ဖြစ်ပါသည်။

၆။      လူတွေ့ဖြေဆိုခွင့် ရရှိသူများစာရင်းကို ဆက်သွယ်အကြောင်းကြားပေးမည်ဖြစ်ပြီး လူတွေ့ စစ်ဆေးချိန်အတွင်း ဘွဲ့လက်မှတ် ၊ နိုင်ငံသားစိစစ်ရေးကတ် ၊ တက္ကသိုလ်ဝင်တန်း အောင်လက်မှတ်၊ အခြားအောင်လက်မှတ်များ၊ အလုပ်သမားမှတ်ပုံတင် မူရင်းစသည်တို့ကိုတင်ပြရမည်။

၇။      လူတွေ့ဖြေဆိုခွင့် ရရှိသူများအား လူတွေ့စစ်ဆေးခြင်း၊ ကွန်ပျူတာလက်တွေ့စစ်ဆေးခြင်း တို့ကို ၁၂-၁၀-၂၀၂၂ (ဗုဒ္ဓဟူးနေ့) နံနက် ၀၉:၃၀ နာရီ ဆောင်ရွက်ပါမည်။

၈။      ရွေးချယ်ခြင်းခံရသူများသည် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ရုံးအမှတ်(၂၈)တွင် အနည်းဆုံး(၃)နှစ် တာဝန်ထမ်းဆောင်ရမည်။

၉။      အသေးစိတ်သိရှိလိုပါက သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ရုံးအမှတ်(၂၈) ၊ နေပြည်‌တော် တယ်လီဖုန်းအမှတ် ၀၆၇-၄၀၅၀၇၂ / ၀၆၇-၄၀၅၃၈၃ သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါသည်။