မအိုင်ကျွန်းဒီရေတောကြိုးပြင်ကာကွယ်တောသတ်မှတ်ခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာနသည် ၂၀၁၈ခုနှစ်၊ သစ်တောဥပဒေပုဒ်မ-၆၊ ပုဒ်မခွဲ-(င)အရ အပ်နှင်းထား သော လုပ်ပိုင်ခွင့်များကို ကျင့်သုံး၍ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်အတွင်း ကျရောက်နေသည့် ဧရိယာအကျယ်အဝန်း (၃,၃၄၀)ဧကရှိသောနယ်မြေကို “မအိုင်ကျွန်း ဒီရေတော ကြိုးပြင်ကာကွယ်တော”အဖြစ် အမိန့်ကြော်ငြာစာအမှတ် (၁၃၁/၂၀၂၂)အရ ၁၃၈၄ခုနှစ်၊  တော် သလင်းလဆန်း(၁)ရက်(၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်) မှစ၍ သတ်မှတ်ကြောင်း ကြေညာ လိုက်သည်။

မအိုင်ကျွန်းဒီရေတောကြိုးပြင်ကာကွယ်တော တည်ထောင်ခြင်းဖြင့် ဒီရေတောဂေဟစနစ် ကို ရေရှည်တည်တံ့စေခြင်း၊ ဒီရေတောပင်များသည် ကပ္ပလီပင်လယ်ပြင်မှ ဖြစ်ပေါ်လာနိုင်သော သဘာဝဘေးအန္တရာယ်များကို တံတိုင်းသဖွယ် တားဆီးကာကွယ်ပေးနိုင်ခြင်း၊ ဒေသခံပြည်သူများ အတွက် သား၊ ငါး၊ ပုစွန် စသောရေသယံဇာတများ စဉ်ဆက်မပြတ် ထုတ်ယူသုံးစွဲနိုင်ခြင်း၊ ကမ်းရိုး တန်းဒေသရေရှည်တည်တံ့စေရေးကို အထောက်အကူပြုနိုင်ခြင်း၊ သဘာဝပတ်ဝန်းကျင်လေထုမှ ကာဗွန်များစွာ သိုလှောင်ထိန်းညှိပေးနိုင်ခြင်း၊ လူသားတို့၏ စနစ်မကျသော မြေအသုံးချမှုများအား သစ်တောဥပဒေနှင့်အညီ ထိရောက်စွာ ကာကွယ်တားဆီးနိုင်ရန်နှင့် သစ်တောဖုံးလွှမ်းမှုဧရိယာ တိုးပွါးလာစေရန် ရည်ရွယ်၍ ဒီရေတောကြိုးပြင်ကာကွယ်တောအဖြစ် သတ်မှတ်ခြင်းဖြစ်ပါသည်။

          မအိုင်ကျွန်းဒီရေတောကြိုးပြင်ကာကွယ်တော ဧရိယာအတွင်း လမု၊ သမဲ့၊ ကန့်ပလာ၊ ဗြူး ခြေထောက်၊ ဗြူးအုပ်ဆောင်း၊ မဓမ၊ ပင်လယ်အုန်း၊ ခရာ အစရှိသည့်ဒီရေတောပင်များ ပေါက် ရောက်နေပြီး ရေငန်ငါးအမျိုးမျိုး၊ ပုစွန်၊ ဂဏန်း၊ ခရုစုပ်ငှက်၊ နှုတ်သီးဝိုင်းရေညောင့် ငှက်၊ ဝန်ပိုငှက်၊ တောဘဲ၊ ဒင်ကျီးငှက်တို့ ကျက်စားရာဒေသဖြစ်သည့်အပြင် ဒေသခံများအတွက် ဆူနာမီမုန်တိုင်း အစရှိသောသဘာဝဘေးအန္တရာယ်မှ ကာကွယ်ပေးနိုင်ခြင်း၊ သား၊ ငါး၊ ပုစွန်များ ခိုအောင်းပေါက်ပွါး ရှင်သန်နိုင်သဖြင့် ဂေဟစနစ်ပိုမိုကောင်းမွန်လာနိုင်ပြီး ဒေသခံများအတွက် တဖက်တလမ်းမှ ဝင်ငွေ   တိုးပွါးလာစေခြင်း၊ ဒေသခံများအတွက် အခြေခံလိုအပ်သည့် သစ်၊ တိုင်၊ ထင်းလောင်စာများ အတွက်လည်း အထောက်အကူပြုစေနိုင်ခြင်းတို့ကြောင့် ကြိုးပြင်ကာကွယ်တောအဖြစ် သတ်မှတ်ကြေညာခြင်းဖြစ်ပါသည်။