မြန်မာ့သစ်တောပညာ နှစ်(၁၀၀) ရာပြည့် အထိမ်းအမှတ်တံဆိပ် Logo ဒီဇိုင်းပြိုင်ပွဲ ဖိတ်ခေါ်ခြင်း

သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်အား ဂုဏ်ပြုရန်နှင့် နိုင်ငံတော်အတွက် သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာပညာရပ်များ၏ အရေးပါမှုကို အားပေးမြှင့်တင်နိုင်ရန် ရည်ရွယ်ပြီး မြန်မာ့သစ်တော နှစ်(၁၀၀) ရာပြည့်အထိမ်းအမှတ်အခမ်းအနားကို ၂၀၂၃ ခုနှစ်၊ မေလတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပရန် ပြင်ဆင်လျက်ရှိရာ ရာပြည့်အခမ်းအနားများ၊ အထိမ်းအမှတ်စာစောင်၊ အမှတ်တရပစ္စည်းများ ထုတ်ဝေရာတွင် အသုံးပြုရန်အတွက် အထိမ်းအမှတ်တံဆိပ် Logo ဒီဇိုင်းအတွက် ပြိုင်ပွဲဝင်နိုင်ကြောင်း သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်မှ ဖိတ်ခေါ်ထားပါသည်။

အသေးစိတ်ကို ဖော်ပြပါ Linkတွင် ကြည့်ရှုနိုင်ပါသည်။  https://www.monrec.gov.mm/sites/default/files/test/Book_PDF/Years%28100%...