ဒုတိယဝန်ကြီး ဦးထွန်းအုံ ရန်ကုန်တိုင်း‌ဒေသကြီး၊ အင်းစိန်မြို့နယ်၊ မြန်မာ့သစ်လုပ်ငန်းရုံးချုပ် (ကြို့ကုန်း)၊အစည်းအဝေးခန်းမ၌သစ်အခြေခံစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီအဖွဲ့ဝင်များနှင့် တွေ့ဆုံ

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးထွန်းအုံသည်  ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်၊ နံနက်ပိုင်းတွင် ရန်ကုန်တိုင်း‌ဒေသကြီး၊ အင်းစိန်မြို့နယ်၊ မြန်မာ့သစ်လုပ်ငန်းရုံးချုပ် (ကြို့ကုန်း)၊ အစည်းအဝေးခန်းမ၌ သစ်အခြေခံစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီအဖွဲ့ဝင်များနှင့် တွေ့ဆုံရာတွင် ဒုတိယဝန်ကြီးက သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအနေဖြင့် ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ် နည်းများနှင့်အညီ နိုင်ငံပိုင်သစ်တောသယံဇာတများကို ကာကွယ်ထိန်းသိမ်း ထုတ်ယူလျက်ရှိရာ ထုတ်လုပ်သည့်ကုန်ကြမ်းများကိုလည်း ထိရောက်စွာ အသုံးချနိုင်ရေး၊ အလေအလွှင့်မရှိစေရေး နှင့် တန်ဖိုးမြှင့်သစ်အခြေခံအချောထည် (Value added Product) များအဖြစ် ပြုလုပ်၍ ပြည်ပသို့ တင်ပို့ပြီး နိုင်ငံတော်အတွက် ပြည်ပဝင်ငွေရရှိလာစေရန်နှင့် ပြည်သူများ အလုပ်အကိုင်အခွင့် အလမ်းများရရှိလာစေရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်အနေဖြင့် MSME ကဏ္ဍပိုမို ဖွံ့ဖြိုးတိုးတက်အောင် အရှိန်အဟုန်မြှင့် ဆောင်ရွက်ရာ၌ ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာပုဂ္ဂလိက လုပ်ငန်းရှင်များ ပူးပေါင်း၍ ရေရှည်အောင်မြင်မှုရရှိအောင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ MSME လုပ်ငန်းများဖြစ်သည့် သစ်အခြေခံစက်မှုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းရှင် များအနေဖြင့် သစ်အခြေခံစက်မှုလုပ်ငန်း (Wood based Industry) တိုးတက်ရန်အတွက် တွေ့ကြုံလျက်ရှိသည့် အခက်အခဲများ၊ မိမိတို့ဌာနမှ ဆောင်ရွက်ပေးရမည့် လိုအပ်ချက်များ၊ ဆက်စပ်ဌာနများနှင့် ညှိနှိုင်းပေါင်းစပ်ရန်လိုအပ်သည့်ကိစ္စရပ်များရှိပါက ဌာနအနေဖြင့် မူဘောင် အတွင်းမှ အကောင်းဆုံး ပေါင်းစပ်ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ပြောကြားပါ သည်။ ထို့နောက် တက်ရောက်လာသူများမှ လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ လက်ရှိတွင် ကြုံတွေ့ရသည့်အခြေအနေနှင့် အခက်အခဲများကို ကအလိုက် ရှင်းလင်းတင်ပြ ဆွေးနွေးကြပြီး ဒုတိယဝန်ကြီးက လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပါသည်။

          အစည်းအဝေးသို့ မြန်မာ့သစ်လုပ်ငန်းမှ အထွေထွေမန်နေဂျာများ၊ သစ်တောဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် သစ်အခြေခံစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီမှ MSME လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပါသည်။