ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ၊တနင်္သာရီတိုင်းဒေသကြီးအတွင်း သစ်တောကဏ္ဍ၊ သတ္တုကဏ္ဍနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍများနှင့် ပတ်သက်၍ အကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှုများ ကြည့်ရှုစစ်ဆေး

နိုင်ငံတော်ဝန်ကြီးချုပ်၏ ပြည်တွင်းခရီးစဉ်တွင် လိုက်ပါလာသော သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်နေ့၊ နံနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိ ဘူမိဗေဒလေ့လာရေး နှင့် ဓာတ်သတ္တုရှာဖွေရေးဦးစီးဌာနရုံးတွင် တိုင်းတာဝန်ခံများမှ သစ်တောကဏ္ဍ၊ သတ္တုကဏ္ဍနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍများနှင့် ပတ်သက်၍ အကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှု ရှင်းလင်းတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များဖြည့်စွက် မှာကြားသည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ထားဝယ်မြို့ရှိ ဦးစီးဌာန၊ လုပ်ငန်းရုံးများအား လိုက်လံ ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများနှင့် တွေ့ဆုံကာ လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်းပေးသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံး ဓာတ်ခွဲခန်းရှိ ရေအရည် အသွေး၊ လေအရည်အသွေး တိုင်းတာစက်များဖြင့် တိုင်းတာဆောင်ရွက်နေမှု အခြေအနေတို့အား ကြည့်ရှု့ စစ်ဆေးခဲ့ပါသည်။