၂၀၂၃ ခုနှစ် (၇၅)နှစ် မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားတွင် ဝန်ကြီးဌာန ကိုယ်စားပြု ပါဝင်သည့် ဝန်ထမ်းများအတွက် ဂုဏ်ပြုညစာစားပွဲနှင့် ဂုဏ်ပြုမှတ်တမ်း တင်လွှာ ပေးအပ်ခြင်းအခမ်းအနား ကျင်းပ

၂၀၂၃ ခုနှစ် (၇၅)နှစ် မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အခမ်းအနားတွင် ဝန်ကြီးဌာန ကိုယ်စားပြု ပါဝင်သည့် ဝန်ထမ်းများအတွက် ဂုဏ်ပြုညစာစားပွဲနှင့် ဂုဏ်ပြုမှတ်တမ်း တင်လွှာပေးအပ်ခြင်းအခမ်းအနားကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့ ညနေပိုင်းတွင် နေပြည်တော်၊ မဏိရတနာ ကျောက်စိမ်း ခန်းမ၌ ကျင်းပပြုလုပ်ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် များ၊ ဦးဆောင်ညွှန်ကြား‌ရေးမှူးများ၊ ပါမောက္ခချုပ်နှင့် ကဏ္ဍအသီးသီးမှ ပါဝင်ဆောင်ရွက်ခဲ့ကြသူများ စုစုပေါင်းအင်အား ၈၈၅ ဦး တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အခမ်းအနားတွင် ဝန်ကြီးဌာနကိုယ်စားပြုပြီး တက်ကြွစွာပါဝင်ဆောင်ရွက်ခဲ့ကြသည့် ဝန်ထမ်း များ၏ ကြိုးစားမှုကို မှတ်တမ်းတင်ဂုဏ်ပြုသည့် ရည်ရွယ်ချက်ဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း၊ တာဝန်ရှိသူအဆင့်ဆင့်နှင့် ပါဝင်သူအားလုံး၏ ကြိုးစားအားထုတ်ဆောင်ရွက်မှု၊ ကော်မတီများ၏ ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်မှု၊ ကျန်းမာရေးကိစ္စများနှင့် အခြားလိုအပ်သည်များကို အချိန်နှင့်တပြေးညီ ပေါင်းစပ်ဆောင်ရွက်ခဲ့မှုများကြောင့် ယခုကဲ့သို့ အောင်မြင်မှု ရရှိခဲ့ခြင်းအတွက် ကျေးဇူးတင်ရှိပါကြောင်းနှင့် မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါကြောင်း ပြောကြားသည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွင် အလံကိုင်အဖွဲ့၊ စစ်ရေးပြအဖွဲ့၊ ရာဇာဝင်းအဖွဲ့၊ ပြခန်းအဖွဲ့နှင့် ဂုဏ်ပြုယာဉ်အဖွဲ့တို့မှ ပါဝင်ဆောင်ရွက်ခဲ့ကြသူများအား ဂုဏ်ပြုမှတ်တမ်းတင်လွှာများ ပေးအပ် ချီးမြှင့်ပြီး၊ ဝန်ထမ်းများကိုယ်စား တာဝန်ရှိသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ထို့နောက် တက်‌ရောက်လာကြသူများကို ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး ပြည်ထောင် စုဝန်ကြီးနှင့်တာဝန်ရှိသူများက ဝန်ထမ်းများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့ကြပါသည်။