သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးထွန်းအုံ မှော်ယောကြီးဆင်စခန်းနှင့် ကျောက်တံခါးမြို့နယ်၊ အိုင်တုံ ကွန်းကြိုးဝိုင်း အကွက်အမှတ် (၁၃)တို့အား ကြည့်ရှုစစ်ဆေး

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးထွန်းအုံ သည် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့၊ နံနက်ပိုင်းတွင် ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင် အမှတ် (၁၀၅/၄) အနီးရှိ မြန်မာ့သစ်လုပ်ငန်းဌာန၏ မှော်ယောကြီးဆင်စခန်းသို့ရောက်ရှိရာ ပဲခူး သစ်ထုတ်ရေးဒေသ၊ ဒုတိယအထွေထွေမန်နေဂျာ ဦးမြင့်ဌေးက စခန်းဆိုင်ရာ အချက်အလက်များနှင့် ဝန်ဆောင်မှုပေးလျက်ရှိသည့် အစီအစဉ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက ဆင်ထိန်းသိမ်းရေးအခြေပြု ခရီးသွားလုပ်ငန်းတစ်ခု ဖြစ်သည်နှင့်အညီ ပြည်သူလူထုအတွက် ပညာပေးမှုနှင့် ဖျော်ဖြေမှု (Edutainment) ပေးနိုင်ရေး ဆောင်ရွက်ရန်၊ ဆင်များ၏ကျန်းမာရေးအား အထူးဂရုပြု စောင့်ရှောက်ရန်နှင့် ဆင်နှင့်လူအကြား ပိုမိုယဉ်ပါးစေရန် လေ့ကျင့်သင်ကြားနည်းစနစ် (Human Friendly Training) ဖြင့် စနစ်တကျလေ့ကျင့်သင်ကြားရန် မှာကြားသည်။ ထို့နောက် ဒုတိယဝန်ကြီး သည် ကျောက်တံခါးမြို့နယ်၊ အိုင်တုံကွန်းကြိုးဝိုင်း အကွက်အမှတ် (၁၃) ရှိ (၁/၂၀၁၈) စီးပွားရေး (ကျွန်း) စိုက်ခင်း ၅၀ ဧကနှင့် (၁/၂၀၂၀) စီးပွားရေး (ကျွန်း) စိုက်ခင်း ၅၀ ဧက သို့ ရောက်ရှိ စစ်ဆေး၍ စိုက်ခင်းလုပ်ငန်းများကို လုပ်ငန်းစဉ်အဆင့်အလိုက် စံပြုသတ်မှတ်ချက်များ (Standard Operating Procedures-SOP)နှင့်အညီ ဆက်လက်အောင်မြင် အောင်ဆောင်ရွက်ရန်၊ ကျွန်းပင်များ ၏လုံးပတ်အရွယ်အစား သတ်မှတ်ချက်အတိုင်းပြည့်မီရေး ပြုစုစောင့်ရှောက်ရန်၊ မီးကာကွယ်ခြင်း လုပ်ငန်းအား အထူးအလေးထားဆောင်ရွက်ရန် မှာကြားခဲ့ပါသည်။            

          ဆက်လက်၍ နေ့လယ်ပိုင်းတွင် ဒုတိယဝန်ကြီးသည် ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင် အမှတ် (၈၇/၆) ရှိ ရဲနွယ်ပျိုးဥယျာဉ်သို့ရောက်ရှိရာ ပျိုးဥယျာဉ်အတွင်း ပျိုးထောင်ထားရှိမှုအခြေ အနေများအား ကြည့်ရှုစစ်ဆေး၍ ဒုတိယဝန်ကြီးက ၂ ပေနှင့်အထက်ပျိုးပင်များ လျာထားချက် အတိုင်း အချိန်မီရရှိရေး ပျိုးထောင်ရန်နှင့် မိုးရာသီစိုက်ပျိုးသည့်အခါ စိုက်ပျိုးသည့်နည်းစနစ်မှန်ကန် စေရေးနှင့် ရာနှုန်းပြည့်ရှင်သန်အောင်မြင်ရေးအတွက် သစ်ပင်စိုက်ပျိုးနည်းနှင့် ပြုစုစောင့်ရှောက် နည်းစနစ်များအား ပြည်သူများသို့ မျှဝေပေးရေး မှာကြားခဲ့ပါသည်။

          ၎င်းနောက် ညနေပိုင်းတွင် ဒုတိယဝန်ကြီးသည် ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်၌ ၂၀၂၃ ခုနှစ်၊ ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ခင်းကျင်းပြသမည့် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြခန်းတည်ဆောက်နေမှုအခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။