သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးထွန်းအုံ သစ်တောဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်သိမ်းရေးဦးစီးဌာန လုပ်ငန်းများ ကြည့်ရှုစစ်ဆေး

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးထွန်းအုံသည် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်နေ့၊ နံနက်ပိုင်းတွင် သင်္ဃန်းကျွန်းမြို့နယ်ရှိ သစ်တောဦးစီးဌာန၊ ပျိုးဥယျာဉ် သို့ရောက်ရှိစစ်ဆေးရာ မြို့နယ်ဦးစီးအရာရှိက ပျိုးထောင်ထားရှိမှုအခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ဒုတိယဝန်ကြီးက ၂၀၂၃ ခုနှစ် မိုးရာသီတွင် စိုက်ပျိုးရန် ၂ ပေနှင့် အထက် ပျိုးပင်များ သတ်မှတ်အရေအတွက် ပြည့်မီအောင် ပြုစုပျိုးထောင်ရန်၊ စိုက်ပျိုးသည့်အခါ ၁ ပင်စိုက် ၁ ပင်ရှင်သန်စေ ရန်အတွက် စိုက်ပျိုးနည်းစနစ်မှန်ကန်စေရေးကို ပြည်သူများသို့ လက်ကမ်း စာစောင်ဖြန့်ဝေခြင်းအပါအဝင် အသိပညာပေးရန်၊ အကူအညီတောင်းခံလာပါက ကိုယ်တိုင်သွားရောက်၍ စိုက်ပျိုးနည်းစနစ်များကို ရှင်းလင်းမျှဝေပေးရေး မှာကြားခဲ့ပါသည်။

 

ထို့နောက် ဒုတိယဝန်ကြီးသည် ဒလမြို့နယ်ရှိ သမတကမ်းခြေ ဒီရေတောစိုက်ခင်းများ အောင်မြင်ရှင်သန်နေမှုအခြေအနေနှင့် ၂၀၂၃ ခုနှစ် မိုးရာသီတွင် လမုပင် ၁၀ ဧက စိုက်ပျိုးရန် လျာထားမှုအတွက် မြေနေရာ ရှင်းလင်းထားမှုအား လှည့်လည်ကြည့်ရှု့စစ်ဆေးပြီး ဒီရေတော များသည် သဘာဝဘေးအန္တရာယ်များကို အစိမ်းရောင်တံတိုင်းကြီးများသဖွယ် ကာကွယ်ပေးခြင်း၊ ကာဗွန် စုပ်ယူမှုအားကောင်းခြင်းနှင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးရေးအတွက် အရေးကြီးသည့် ဂေဟစနစ်တစ်ခုဖြစ်ခြင်းတို့အတွက် စိုက်ပျိုးပြီးအပင်များကို ရှင်သန်ကြီးထွားအောင် ပြုစုထိန်းသိမ်းရန် နှင့် တိုးမြှင့်စိုက်ပျိုးရန်၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပင်လယ်ကမ်းရိုးတန်းနှင့် အဏ္ဏဝါသယံဇာတများ ရေရှည်တည်တံ့ စေရေးအတွက် ဒီရေတောကြိုးပြင်ကာကွယ်တောများ တိုးချဲ့ဖွဲ့စည်းတည်ထောင်ရေးနှင့် လမုပင်များကို အချိန်မီစိုက်ပျိုးနိုင်ရေး ဆောင်ရွက်ရန် မှာကြားခဲ့ပါသည်။

 

          ဆက်လက်၍ ဒုတိယဝန်ကြီးသည် နေ့လယ်ပိုင်းတွင် သန်လျင်ရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန၊ ခရိုင်ရုံးအား ရောက်ရှိစစ်ဆေး၍ ခရိုင်အတွင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်နိုင်‌ရေးအတွက် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်ရာတွင် လုပ်ထုံး လုပ်နည်း၊ စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်နိုင်ရေး အကြံပေးစစ်ဆေးကြပ်မတ်ရန်၊ ဂေဟစနစ်ဝန်ဆောင်မှု များကို ရေရှည်တည်တံ့၍ စဉ်ဆက်မပြတ်အကျိုးရှိစွာအသုံးချနိုင်ရေး ရည်မှန်းချက်ထား၍ အကောင်အထည် ဖော်ဆောင်ရွက်ရန်၊ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေး အတွက် လုပ်ငန်းခွင်နှင့်ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေး အစီအစဉ်များချမှတ် ဆောင်ရွက်ရန်၊ နိုင်ငံ့ဝန်ထမ်းများဖြစ်သည့် အားလျော် စွာ နိုင်ငံ့ဝန်ထမ်းများ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်ကြရန် မှာကြားခဲ့ပြီး ညနေပိုင်း တွင် ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်၌ ၂၀၂၃ ခုနှစ်၊ ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် ခင်းကျင်းပြသမည့် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနပြခန်း တည်ဆောက်နေမှုအခြေအနေအား စစ်ဆေးခဲ့ပါသည်။