၂၀၂၃ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အလွတ်တန်း ဆောင်းပါးနှင့် စာစီစာကုံး ပြိုင်ပွဲအတွက် ဖိတ်ခေါ်ခြင်း

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ၂၀၂၃ ခုနှစ် ဇွန်လ (၅) ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို “ ပလတ်စတစ် ညစ်ညမ်းမှု တိုက်ဖျက်ဖို့ ပူးပေါင်းဖြေရှင်းဆောင်ရွက်စို့ - Solutions to Plastic Pollution ” ဆောင်ပုဒ်ဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး၊ ပလတ်စတစ်ညစ်ညမ်းမှု အန္တရာယ်သည် ကမ္ဘာ ပေါ်ရှိ အသိုက်အဝန်းအားလုံးကို သက်ရောက်မှုရှိသော၊ သိသာမြင်သာသော ခြိမ်းခြောက်မှုတစ်ခု ဖြစ်ပြီး ပလတ်စတစ်ကြောင့်ဖြစ်ပေါ်လာသည့် ကျန်းမာရေး၊ စီးပွားရေးနှင့် ပတ်ဝန်းကျင်အပေါ် သက်ရောက်မှုများကို လစ်လျူရှု၍ မရသလို တစ်ပြိုင်နက်ထဲမှာပင် မှန်ကန်ခိုင်မာပြီး ထိရောက် စေမည့် အဖြေများရှာဖွေရန်လိုအပ်ကြောင်း၊ အစိုးရများနှင့် စီးပွားရေးလုပ်ငန်းများမှ အရပ်ဖက် အဖွဲ့အစည်းများအထိ ကဏ္ဍအားလုံး ပါဝင်ဆောင်ရွက်ကြစေလိုကြောင်း ယခုနှစ်ဆောင်ပုဒ်မှ တိုက်တွန်းနှိုးဆော်ထားပါသည်။

ယခုနှစ်ဆောင်ပုဒ်၏ တိုက်တွန်းနှိုးဆော်ချက်များကို ပြည်သူများ သိရှိလိုက်နာ ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ “ပလတ်စတစ်ညစ်ညမ်းမှု တိုက်ဖျက်ရေး ဝိုင်းဝန်းပူးပေါင်းအဖြေရှာပေး” ခေါင်းစဉ်ဖြင့် မိမိတို့ ရေးသားတင်ပြလိုသည့် အချက်အလက်များ၊ သာဓကများပါဝင်သော အလွတ်တန်း ဆောင်းပါးနှင့် စာစီစာကုံးများကို အောက်ဖော်ပြပါ စည်းကမ်းချက်များနှင့်အညီ ရေးသားပေးပို့ယှဉ်ပြိုင်နိုင်ရန် ဖိတ်ခေါ်အပ်ပါသည် -

အသေးစိတ်အချက်အလက်များသိရှိလိုပါက အောက်ဖော်ပြပါ Link တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

၂၀၂၃ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အလွတ်တန်း ဆောင်းပါးနှင့် စာစီစာကုံး ပြိုင်ပွဲအတွက် ဖိတ်ခေါ်ခြင်း – ECD